စျေး၊ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းဖို့ အစီအစဉ်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

0
254

အစိုးရအနေနဲ့ အများပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ စျေးတွေနဲ့ အရောင်းအဝယ် သင်တာတွေကို ပိတ်သိမ်းဖို့ အစီအစဉ် မရှိကြောင်း အသိပေးလိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


လုပ်ငန်းတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေကို ပိတ်မယ်၊ မြို့ရွာအဝင်၊ အထွက်တွေကို ပိတ်မယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့နေကြောင်း၊ ဒီလို ကောလာဟလတွေကြောင့် ပြည်သူတွေ အထိတ်တလန့် မဖြစ်ဖို့ မတ်လ ၂၄ ရက်နေ့က ရုပ်သံကနေတစ်ဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။


COVID-19 ကူးစက်သူ တွေ့တယ်လို့ သတင်းထွက်တာနဲ့ ရိက္ခာတွေ၊ ဆေးတွေ အလုအယက် ထွက်ဝယ်သူတွေလည်း ရှိကြောင်း၊ ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိကြောင်းနဲ့ လူအုပ်ထဲသွားတိုး ဝယ်လို့ ရောဂါကူးမယ့် အလားအလာ ပိုများကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးသွားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>

ဈေး၊ စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းဖို့ အစီအစဉ်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

အစိုးရအနေနဲ့ အများပြည်သူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဈေးတွေနဲ့ အရောင်းအဝယ် သင်တာတွေကို ပိတ်သိမ်းဖို့ အစီအစဉ် မရှိကြောင်း အသိပေးလိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လုပ်ငန်းတွေ၊ စက်ရုံတွေ၊ အလုပ်ရုံတွေကို ပိတ်မယ်၊ မြို့ရွာအဝင်၊ အထွက်တွေကို ပိတ်မယ်ဆိုတဲ့ မဟုတ်မမှန်သတင်းတွေ ပျံ့နှံ့နေကြောင်း၊ ဒီလို ကောလာဟလတွေကြောင့် ပြည်သူတွေ အထိတ်တလန့် မဖြစ်ဖို့ မတ်လ ၂၄ ရက်နေ့က ရုပ်သံကနေတစ်ဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

COVID-19 ကူးစက်သူ တွေ့တယ်လို့ သတင်းထွက်တာနဲ့ ရိက္ခာတွေ၊ ဆေးတွေ အလုအယက် ထွက်ဝယ်သူတွေလည်း ရှိကြောင်း၊ ရိက္ခာပြတ်နိုင်တဲ့ အလားအလာ မရှိကြောင်းနဲ့ လူအုပ်ထဲသွားတိုး ဝယ်လို့ ရောဂါကူးမယ့် အလားအလာ ပိုများကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးသွားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)