ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကို ပျံ့နှံ့ကူးစက်တာ မဖြစ်စေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

0
146
devices -->

ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကို ပျံ့နှံ့ကူးစက်တာမျိုး မဖြစ်ပါစေနဲ့လို့ COVID-19 ရောဂါ ကူးစက်မှာ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို မတ်လ ၂၄ ရက်နေ့က ရုပ်သံကနေတစ်ဆင့် ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားသွားတာပါ။


ချင်းပြည်နယ်၊ တီးတိန်က ပြည်သူတချို့ အစိုးရိမ်လွန်ပြီး တီးတိန်က ထွက်ခွာနေကြတယ်လို့ သိရကြောင်း၊ ဒီလိုလုပ်ခြင်းဟာ ဘယ်သူ့ကိုမှ အကျိုးမပြုနိုင်ကြောင်း၊ တကယ်သာ ရောဂါပိုး ရှိနေပြီဆိုရင် ဘယ်သွားသွား ကိုယ်နဲ့အတူ ပါသွားမှာ ဖြစ်လို့ ကိုယ့်ရပ်ရွာ ကျန်းမာရေးဌာနကို သွားပြီး အစစ်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေသူတွေ အစုလိုက် အပြုံလိုက် ပြန်လာတာနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံအတွင်း ပြန်လည် ရောက်ရှိလာသူတွေ အနေနဲ့ စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းခြင်း မပြုကြဖို့ အရေးကြီးကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါတယ်။

>>>>>>>>>>>>>>>>>>>>>

ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကို ပျံ့နှံ့ကူးစက်တာ မဖြစ်စေဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

ကိုယ့်စိုးရိမ်စိတ်ကြောင့် အများကို ပျံ့နှံ့ကူးစက်တာမျိုး မဖြစ်ပါစေနဲ့လို့ COVID-19 ရောဂါ ကူးစက်မှာ စိုးရိမ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို မတ်လ ၂၄ ရက်နေ့က ရုပ်သံကနေ တစ်ဆင့် ပြောကြားရာမှာ အခုလို ထည့်သွင်း ပြောကြားသွားတာပါ။

ချင်းပြည်နယ်၊ တီးတိန်က ပြည်သူတချို့ အစိုးရိမ်လွန်ပြီး တီးတိန်က ထွက်ခွာနေကြတယ်လို့ သိရကြောင်း၊ ဒီလိုလုပ်ခြင်းဟာ ဘယ်သူ့ကိုမှ အကျိုးမပြုနိုင်ကြောင်း၊ တကယ်သာ ရောဂါပိုး ရှိနေပြီဆိုရင် ဘယ်သွားသွား ကိုယ်နဲ့အတူ ပါသွားမှာ ဖြစ်လို့ ကိုယ့်ရပ်ရွာ ကျန်းမာရေးဌာနကို သွားပြီး အစစ်ခံကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြန်လည် ရောက်ရှိလာသူတွေ အနေနဲ့ စိုးရိမ်စိတ်ကြောင့် ပုန်းကွယ်ရှောင်တိမ်းခြင်း မပြုကြဖို့ အရေးကြီးကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါတယ်။