COVID-19 ရောဂါပိုးကို စမ်းသပ်စစ်ဆေးဖို့ ကိရိယာတွေ မြန်မာမှာ လုံလောက်တယ်လို့ WHO ပြော

0
254
devices -->

COVID-19 ရောဂါပိုး ကူးစက်မှု စတင် တွေ့ရှိလာတဲ့ မြန်မာနိုင်ငံမှာ သံသယလူနာတွေမှာ ရောဂါပိုး ကူးစက်ခြင်း ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးဖို့ ကိရိယာတွေ လုံလောက်မှုရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို မြန်မာနိုင်ငံမှာ စမ်းသပ်စစ်ဆေးနိုင်တာ သေချာကြောင်း WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် စတက်ဖန် ပေါလ် ဂျို့စ်က ပြောတာလို့ CAN သတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီလ နှောင်းပိုင်းကစပြီး မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးဖို့ ထိုင်းနိုင်ငံကို ပို့ဆောင်ခြင်း မရှိတော့ပါဘူး။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ COVID-19 ဓာတ်ခွဲ စမ်းသပ်နိုင်ဖို့ ကိရိယာတွေ တပ်ဆင်ခဲ့ပြီး ထိုင်း၊ ဂျပန်၊ အမေရိကန်၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတို့က လိုအပ်တာတွေကို လှူဒါန်းခဲ့ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>