မြန်မာရှိ သီရိလင်္ကာ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ သံရုံးက မေတ္တာရပ်ခံ

0
190
devices -->

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သီရိလင်္ကာ နိုင်ငံသားတွေကို ကယ်ထုတ်ရေး စဉ်းစားပေးဖို့ သီရိလင်္ကာ အစိုးရကို မြန်မာနိ်ုင်ငံဆိုင်ရာ သီရိလင်္ကာ သံရုံးက မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သီရိလင်္ကာ နိုင်ငံသား ၂၁၀ ဦး ရှိနေပြီး မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ COVID-19 ရောဂါကို ကာကွယ်တိုက်ဖျက်မှု အစီအစဉ်တွေနဲ့ ပတ်သက်လို့ သီရိလင်္ကာ အစိုးရကို အခုလို တောင်းဆိုတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၅ ရက်နေ့အထိ COVID-19 ကူးစက်သူ သုံးဦး ရှိလာပြီးနောက် မြန်မာရောက် သီရိလင်္ကာ နိုင်ငံသားတွေက မိခင်နိုင်ငံကို ပြန်ခွင့်ရရေး အကူအညီ တောင်းခံလာကြတာ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>

မြန်မာရှိ သီရိလင်္ကာ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ သံရုံးက မေတ္တာရပ်ခံ

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သီရိလင်္ကာ နိုင်ငံသားတွေကို ကယ်ထုတ်ရေး စဉ်းစားပေးဖို့ သီရိလင်္ကာ အစိုးရကို မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံရုံးက မေတ္တာရပ်ခံလိုက်ပါတယ်။