မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁ ဦးထပ်မံတွေ့ရှိ ကူးစက်ခံရသူ ၃ ဦး ရှိလာ

0
687
devices -->

မြန်မာနိုင်ငံအတွင်း ၃ ဦး မြောက် COVID-19 ကူးစက်ခံရသူ ၁ ဦးကို ထပ်မံတွေ့ရှိကြောင်း မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားတာပါ။

အသစ်ထပ်မံတွေ့ရှိတဲ့ ရောဂါကူးစက်ခံရသူဟာ မတ်လ ၂၁ ရက်နေ့မှာ အင်္ဂလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်က တဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

သူဟာ ကိုယ်ပူဖျားနာမှုတွေနဲ့အတူ ချောင်းဆိုတဲ့ ရောဂါလက္ခာဏာတွေကြောင့် မတ်လ ၂၃ ရက်နေ့က အင်းစိန်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းမှာထားရှိပြီး ကုသမှုတွေလုပ်ခဲ့သလို ဓာတ်ခွဲစမ်းသပ်နမူနာကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲစမ်းသပ်ရာမှာ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒီလို စစ်ဆေး တွေ့ရှိခဲ့တာကြောင့် အဲ့ဒီလူနာအမျိုးသားနဲ့ ထိတွေ့ခဲ့သူတွေ အားလုံးကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ ရောဂါကူးစက်ခံရသူကို အင်းစိန်ပြည်သူ့ဆေးရုံမှာ (isolation) အနေနဲ့ သီးခြားထားရှိပြီး စနစ်တကျ စောင့်ကြပ်ကုသနေပြီး ကျန်းမာရေးအခြေအနေ သက်သာနေတယ်လို့လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ ဒီအမျိုးသားရဲ့ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းကို ဆက်လက်ပေးပို့ပြီး အတည်ပြုချက် ရယူသွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကလည်း ချင်းပြည်နယ် တီးတိန်မြို့တွင်နေထိုင်တဲ့ အသက် ၃၆ နှစ် အရွယ်အမျိုးသားတစ်ဦးနဲ့ ဆရာတော်အရှင်ဆေကိန္ဒကျောင်းတိုက်မှာ ရောဂါမပျံနှံ့အောင် တားဆီးမှု (Quarantine) ဆောင်ရွက်ထားသူတွေထဲက အသက် ၂၆ နှစ် အရွယ် အမျိုးသားတစ်ဦးတို့ရဲ့ ဓာတ်ခွဲစမ်းသပ်မှုတွေမှာလည်း ရောဂါပိုး တွေ့ရှိထားတာကြောင့် မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၃ ဦးရှိနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ၃ ဦး မြောက် COVID-19 ကူးစက်ခံရသူ ၁ ဦးကို ထပ်မံတွေ့ရှိကြောင်း မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားတာပါ။

အသစ်ထပ်မံတွေ့ရှိတဲ့ ရောဂါကူးစက်ခံရသူဟာ မတ်လ ၂၁ ရက်နေ့မှာ အင်္ဂ္လန်နိုင်ငံကနေ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်က တဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာ နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။