COVID-19 ရောဂါပိုး တွေ့ရှိသူ တတိယမြောက်တစ်ဦး ရှိလာ

0
150

အင်္ဂလန်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာသူ တစ်ဦးထံမှာ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မတ်လ ၂၅ ရက် မနက် ၁ နာရီမှာ ကြေညာတဲ့အတွက် ရောဂါပိုးတွေ့ရှိသူ တတိယမြောက် လူနာ ဖြစ်လာပါတယ်။

အင်္ဂလန်နိုင်ငံကနေ မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်မှတစ်ဆင့် လေကြောင်းခရီးနဲ့ ဝင်ရောက်လာခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ နေထိုင်သူ မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားဟာ ကိုယ်ပူဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်း ရောဂါလက္ခဏာတွေနဲ့ မတ်လ ၂၃ ရက်နေ့က အင်းစိန်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းမှာ ထားရှိပြီး (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့ပါတယ်။

အဲဒီ လူနာထံက ဓာတ်ခွဲနမူနာကို မတ်လ ၂၄ ရက်နေ့မှာ ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရတာပါ။ လူနာကို အင်းစိန်ပြည်သူ့ဆေးရုံမှာ သီးခြားထားရှိ (isolation) ပြီး စနစ်တကျ စောင့်ကြပ်ကုသနေပြီး မတ်လ ၂၄ ရက်နေ့ည စစ်ဆေးချက်အရ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ သက်သာနေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအရ အဲဒီ အမျိုးသားထံမှ ဓာတ်ခွဲနမူနာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့ အတည်ပြုချက် ရယူသွားမှာ ဖြစ်ကြောင်း၊ အဲဒီ အမျိုးသားနဲ့ ထိတွေ့ခဲ့သူတွေ အားလုံးကို စုံစမ်းဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမှာ ဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)