ထီးချိုင့်မှာ ငွေစက္ကူ အတုလုပ်သူတွေ ဖမ်းမိ

0
324

စစ်ကိုင်းတိုင်း ကသာ ခရိုင်၊ ထီးချိုင့်မြို့နယ်၊ တုံငယ်ကျေးရွာမှာ ငွေစက္ကူ တစ်သောင်းတန်နဲ့ ငါးထောင်တန် အတုလုပ်သူတွေကို ဖမ်းမိခဲ့ပါတယ်။

ကသာခရိုင်ရဲမှူး ဒု ရဲမှူးကြီး စိန်ဝင်းနဲ့ အဖွဲ့က မတ်လ ၂၄ ရက်မှာ သတင်းအရ သွားရောက် ဖမ်းဆီးရာမှာ တုံငယ် ကျေးရွာနေ မောင်ငယ်၊ ကံချွန်၊ ပိုစန်း၊ သူ့ဇနီး မမြင့်နိုင်တို့ကို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

တသောင်းတန်၊ ငါးထောင်တန် အရွက်တုတွေနဲ့ ငွေစက္ကူ အတုလုပ်ရာမှာ သုံးတဲ့ ကျွန်ပျူတာ၊ ငွေကြိုးလှည့်စက်၊ ပရင်တာ ဆေးဘူးတွေ သိမ်းဆည်းရမိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)