ကန်တော်ကြီး ပတ်လမ်းတလျှောက် မဏ္ဍပ်တွေ ဖွင့်ခွင့် မပြု

0
410

ရန်ကုန်မြို့၊ အင်းလျားလမ်း၊ ကန်တော်ကြီး ပတ်လမ်းတလျှောက်မှာ သင်္ကြန် မဏ္ဍပ်တွေ ဖွင့်ခွင့် မပေးဘူးလို့ ရန်ကုန်တိုင်း အစိုးရက
ပြောဆိုလိုက်ပါတယ်။

အများပြည်သူပိုင် ဧရိယာတွေမှာ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေကိုတွေကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘဲ ရခိုင်မြို့ ခရိုင် လေးခုအလိုက် အပိုင်း လေးပိုင်းခွဲပြီး အများပြည်သူ ဆင်နွှဲနိုင်မယ့် သင်္ကြန်ပွဲတော် ဖြစ်အောင် ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မဏ္ဍပ်တွေပေါ်က အလုံပိတ် အခန်းတွေကိုလည်း အရေးယူမှာ ဖြစ်ပြီး အရက်သေစာ ဥပဒေမဲ့ ရောင်းချနေမှုကိုလည်း အရေးယူသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)