မြောင်းမြ အစာအဆိပ် သင့် လူနာတွေ အိမ်ပြန်ပြီ

0
326

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အလှူ ထမင်းဟင်းစားပြီး အစာအဆိပ်သင့်ကာ ဆေးရုံတက်ရတဲ့ လူ ၃၈၀ ကျော်ဟာ သက်သာ ကောင်းမွန်လာတာကြောင့် အိမ်ပြန်နိုင်ကြပြီ ဖြစ်ပါတယ်။

မြောင်းမြမြို့နယ်၊ အိမ်တစ်လုံး ကျေးရွာက အလှူတစ်ခုမှာ ငါးသလောက်ပေါင်းနဲ့ မဲဇလီဟင်းကို စားရာက အလှူပွဲလာ လူ ၃၈၀ ကျော် အစာအဆိပ်သင့်ပြီး မတ်လ ၂၃ ရက်နေ့က မြောင်းမြ ပြည်သူ့ဆေးရုံကို ရောက်ခဲ့တာ ဖြစ်ပါတယ်။

လူနာ ၈ ဦးကလွဲပြီး ကျန်လူတွေ ဆေးရုံက ဆင်းခွင့်ရပြီ ဖြစ်ပါတယ်။ ကမ္ဘောဇ အနာဂတ် အလင်းတန်း ဖောင်ဒေးရှင်းကလည်း အစာ အဆိပ်သင့် လူနာတွေကို အကူအညီတွေ ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)