၂၀၀ တန် အောင်ဘာလေထီ အဆုံးသတ်တော့မယ်

0
391

၂၀၀ ကျပ်တန် အောင်ဘာလေထီကို လာမယ့် ဇွန်လ ကုန်တာနဲ့ ဆက်လက် ရောင်းချခြင်း မပြုတော့ဘဲ ၅၀၀ တန် ထီလက်မှတ်တွေကိုသာ ရောင်းတော့မှာ ဖြစ်ပါတယ်။

၃၄၁ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲဟာ နောက်ဆုံးဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက ကြေညာ လိုက်ပါတယ်။ နောက်ဆုံး အနေနဲ့ ဖွင့်မယ့် အောင်ဘာလေ ထီဆုမဲဟာ အရင်ကလိုပဲ ကျပ် သိန်း ၁၅၀၀ ဖြစ်ပြီး အနိမ့်ဆုံးက ကျပ် ၁ သိန်းဖြစ်ပါတယ်။ ကျပ် သိန်း ၁၀၀၀ ဆုကတော့ မပါတော့ပါဘူး။

အရင်က ထီတစ်စောင် ၁၀၀ ကျပ်နဲ့ ဆုကြေး သိန်း ၅၀၀ ချီးမြှင်ခဲ့ပြီး ၂၀၀၉ မှာတော့ ထီတစ်စောင် ကျပ် ၂၀၀ နဲ့ ရောင်းချပြီး ဆုကြေးက ကျပ်သိန်း ၁၀၀၀ ဖြစ်ပါတယ်။ ၂၀၁၂ မှာ ဆုကြေးကို သိန်း ၁၅၀၀ အထိ တိုးပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)