ရခိုင်ပြည်နယ် အရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် မြန်မာ လုံးဝ လက်မခံ

0
331

ရခိုင်ပြည်နယ် အရေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက နိုင်ငံတကာ အချက်အလက်ဖော်ထုတ်ရေး အဖွဲ့ စေလွှတ်ခြင်းဖို့ ဆုံးဖြတ်တာကို လက်မခံဘူးလို့ မြန်မာနိုင်ငံက ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။

ရခိုင်ပြည်ရဲ့ ပကတိ အခြေအနေဟာ ထိရှလွယ်ပြီး ဖြေရှင်းဖို့ ခက်ခဲနေတဲ့ အချိန်မှာ ကုလသမဂ္ဂက နိုင်ငံတကာ အချက်အလက် ရှာဖွေ ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဟာ ပြဿနာကို ပိုမို ကြီးထွားစေမယ်လို့ မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

လူ့အခွင့်အရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သဘောတူ လက်ခံပါဝင်ခြင်း မရှိကြောင်း ပြောဆိုခဲ့သလို တရုတ်နဲ့ အိန္ဒိယ အပါအဝင် နိုင်ငံ တချို့ကလည်း ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း ထုတ်ဖော် ကြေညာခဲ့ကြပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ သုံးသပ်အကြံပြုမှုတွေကိုသာ အချိန်မဆိုင်း ထိရောက်တဲ့ လုပ်ငန်းအစီအစဉ်တွေ ချမှတ် အကောင်အထည် ဖော်မယ်လို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)