အရေးပေါ်မီးသတ်ယာဉ်များ မောင်းနှင်နေချိန် အနှောက်အယှက် မပေးကြဖို့ မီးသတ်တပ်ဖွဲ့မှ မေတ္တာရပ်ခံ

0
287

မီးသတ်မော်တော်ယာဉ်တွေ မီးသတ်ဥသြများဆွဲပြီး မောင်းနှင်နေစဉ် လမ်းတွေပ်ါမှာ ဆိုက်ကယ်၊ စက်ဘီး၊ အခြားမော်တော်ယာဉ်တွေအနေနဲ့ လမ်းဘေးမှာ ရပ်နေပြီး မီးသတ်ယာဉ် သွားနိုင်အောင် ယာဉ်လမ်းကြောင်း ရှင်းထားပေးခြင်းဖြင့် ကူညီသင့်တယ်လို့ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က စော်သြထားပါတယ်။

Meethat

အရေးပေါ်မီးလောင်နေချိန်မှာ မီးသတ်ယာဉ်နဲ့ အတူယှဉ်ပြီးမောင်းနှင်ခြင်း၊အလုအယက်မောင်းနှင်ခြင်း၊ ယာဉ်သွား လမ်းကို ပိတ်ဆို့ခြင်း၊လမ်းမဖယ်ပေးခြင်းတွေပြုလုပ်မယ်ဆိုပါက မီးသတ်ယာဉ်မောင်းအနေနဲ့ ဝင်ရောက်တိုက်မိတဲ့ အခါမှာ မလိုလားအပ်ပဲ အသက်အန္တရယ်များ ပျက်စီးဆုံးရှုံးစေနိုင်ပြီး အဲဒီလို မတော်တဆမှုများ ဖြစ်ခဲ့ရင်လည်း မီးသတ်ယာဉ်မောင်းသူကို အရေးမယူဖို့ ဥပဒေက ပြဌာန်းထားတယ်ဆို တာကိုလည်း အများပြည်သူများ လေ့လာသိရှိထားဖို့လိုပါတယ်။အရေးပေါ်မီးလောင်နေစဉ်အတွင်း မီးသတ်ယာဉ်များမောင်းနှင်မှုကြောင့် ယာဉ်လမ်းကြောင်းပေါ်တွေမှာ မတော်တဆယာဉ်တိုက်မှုတွေ ရှိလာတဲ့အတွက် အခုလို သတိပေး မေတ္တာရပ်ခံထားပြီး ပြည်သူများအနေနဲ့လည်းဝိုင်းဝန်းကူညီပေးကြဖို့ ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)