အချုပ်သားနဲ့ အချုပ်ကား ညီမျှမှုမရှိတာကြောင့် အခက်အခဲများရှိဟု မမီးမီးဆို

0
314

ပုဒ်မ၁၈နဲ့ တရားဆွဲခံထားရတဲ့ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ဒီကနေ့ မင်္ဂလာ တောင် ညွန်တရားရုံးကိုတရား ရင်ဆိုင်ဖို့လာရောက်ရတဲ့ အခါအချုပ်ကား မလုံလောက်တဲ့ အတွက်အခက် အခဲအချို့နဲ့ကြုံခဲ့ရကြောင်း အခုလိုပြောကြားပါတယ်။

DSCN0500

“အခုဆိုရင် ကျွန်မတို့ ကို ရုံးထုတ်လာတဲ့ အခါမှာ အချုပ်ကားအစဉ်မပြေမှုတွေ အများကြီးနဲ့ ကြုံနေရတယ်။ တရား ရင်ဆိုင်ရ မယ့်သူကများပြီးတော့ အချုပ်ကားအစီးရေက နည်းနေတယ်၊သူတို့ပြောတာက ရဲဖက်တွေ ထုတ်နေလို့ ဆိုပြီးတော့ပြောတယ်။အချုပ်ကားမှာ မိန်းကလေး တွေထားတဲ့ အခန်းဆိုရင် လူ၎ယောက်လောက် ထိုင်စီးလို့ရတယ်။အဲဒါကို ရဲတွေက၁၅ယောက်လောက်တင်လိုက်တဲ့ အခါကြတော့ အရမ်းကြပ်ကုန်တယ် ”
အချုပ်ကားပေါ်မှာ သတ်မှတ်ထားတဲ့ လူဦးရေနဲ့ ပိုတင်နေတဲ့ အတွက် အခုလိုအခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။မိန်းကလေးတွေ အတွက် သီးခြားကားတစ်စီး ကိုစီစဉ်ပေးနိုင်မယ်ဆိုရင် အစဉ်ပြေနိုင်တယ် လို့ဆိုပါတယ်။မကြာသေးခင်က ကဗျာဆရာမောင်ဆောင်းခကို ရာဇဝတ် အကျဉ်းသားတွေက ဝိုင်းရိုက်တဲ့ ဖြစ်ရပ်ဟာလည်း အခုလိုအခက်အခဲများကြောင့် ဖြစ်ရတာလို့မမီးမီးကပြောပါတယ်။
” ကဗျာဆရာမောင် ဆောင်းခ ဖြစ်တာလည်း အချုပ်ကားပေါ်ကို ရဲတွေက လူအများကြီးတင်တဲ့ အတွက် မကြေလည်မှုတွေဖြစ်ရင်း နဲ့အခုလို ဒဏ်ရာအနာတရဖြစ်ကုန်တယ်မောင်ဆောင်းခဆိုရင် သူ့ခေါင်းကဒဏ် ရာက မသက်သာလို့ ဒီနေ့ပဲ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနကို တင်လိုက်ရတယ်”လို့မမီးမီးက လတ်တလောတွေ့ကြုံရတဲ့ အခက် အခဲတွေကိုပြောကြားခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)