လက်ရှိအစိုးရအနေနဲ့ ဥပဒေနဲ့ မကိုက်ညီတဲ့ စီမံကိန်းလုပ်ငန်းတွေကို အမြန်ဆုံးစစ်ဆေး ဆောင်ရွက်ဖို့လို

0
297

လက်ရှိအစိုးရအနေနဲ့ ဥပဒေနဲ့ မကိုက်ညီတဲ့ စီမံကိန်းလုပ်ငန်းတွေကို အမြန်ဆုံးစစ်ဆေး ဆောင်ရွက်ဖို့ လိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြား လိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာငွေ ခွဲဝေ သုံးဆွဲခဲ့မှုတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က မလတ်လ ၂၂ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံစာ တင်သွင်းလိုက်တာဖြစ်ပါတယ်။ အဲ့ဒီ အစီရင်ခံစာအတွင်းမှာောတ့ နိုင်ငံတော်က ချမှတ်ထားတဲ့ စီမံကိန်းတွေကို ကိုယ်ပိုင်ငွေနဲ့ စိုက်ထုတ် အသုံးပြုခဲ့တာတွေလည်း တွေ့ရပြီး ဒီ လုပ်ဆောင်ချက်တွေဟာ ဥပဒေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စစ်ဆေး ကိုင်တွယ်သွားဖို့ ရှိတယ်လို့လည်း ဖော်ပြ ထားပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၄) ရက် ကြာသာပတေးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)