သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားတဲ့သတင်း

0
313

ပြည်ထောင်စုဝန်ကြီးသစ်တွေအတွက် နိုင်ငံတော်ပိုင်အိမ်တွေ လွှဲပြောင်းပေးရာမှာ အခွံအတိုင်းသာ လွှဲပေးမည်ဖြစ်ပြီး လေအေးစက်တစ်လုံးသာပါမှာဖြစ်တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ လက်ရှိဝန်ကြီးတွေဟာ နိုင်ငံတော်ပိုင် နေအိမ်တွေကနေ ပြောင်းရွှေ့ထားပြီး ဖြစ်ပါတယ်။ ၀န်ကြီးတွေကို နိုင်ငံတော်ပိုင်အိမ်တွေ စတင်ပေးစဉ်မှာ ပရိဘောဂတွေ မပါဝင်ဘဲ နိုင်ငံတော်က ပရိဘောဂကြေးအတွက် ကျပ်သိန်း (၃၀)ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေဟာ တာဝန်ပြီးဆုံးပါက မိမိကို ခွင့်ပြုငွေနဲ့ ၀ယ်ထားတဲ့ပရိဘောဂများကို ယူသွားပြီး အိမ်ကို မူလ အတိုင်း ပြန်လွှဲ ပေးရတာဖြစ်ပါတယ်။ ဒါဟာလည်း လုပ်ထုံးလုပ်နည်း အတိုင်းတာဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောဆိုထားတာဖြစ်ပါတယ်။လွှတ်တော် ဂိတ်(၁)ရှေ့မှာ တည်ရှိတဲ့ ၀န်ကြီးတွေရဲ့ နေအိမ်တွေကို အခမဲ့နေထိုင်ခွင့်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းမှာ အခမဲ့ဆေးကုသခွင့်၊ ရေနဲ့ လျှပ်စစ်ဓါတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်း ဖုန်းခေါ်ဆိုမှုအတွက် အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူ (၂)ဦး၊ ဥယျာဉ်လုပ်သား (၂)ဦး၊ ကားသုံးစီးနဲ့ ယာဉ်မောင်း သုံးဦး၊ ကားတစ်စီးအတွက် တစ်လ စက်သုံးဆီ ဂါလန် (၆၀)နဲ့ လစာကျပ်သိန်း (၃၀)တို့ ရရှိကြတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၄) ရက် ကြာသာပတေးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)