ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကို အဆိုပြု တင်သွင်း

0
323

လာမယ့် အစိုးရသက်တမ်းအတွင်းမှာ တာဝန်ယူဆောင်ရွက်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်းကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသူက ပြည်ထောင်စုလွှတ်တော်မှာ အဆိုပြု တင်သွင်းလိုက်ပြီုဖစ်ပါတယ်။ မတ်လ ၂၄ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တင်သွင်းလိုက်တဲ့ အဲ့ဒီအမည်စာရင်းတွေထဲမှာတော့ နိုင်ငံတော်သမ္မတက ဦးညီညီ၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဌက တင်ပြသည့် ဦးမျိုးညွန့်၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဌကက ဦးတွာလ်ကျင်ပေါင် ၊ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း စတဲ့ ပုဂ္ဂိုလ် ၉ ဦးကို အမည်စာရင်း တင်သွင်းခဲ့တာပါ။ အဲ့ဒီထဲက ပြည်သူ့လွှတ်တော်ဥက္ကဌက အမည်စာရင်းတင်သွင်းခဲ့တဲ့ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဟုမ္မလင်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဌ အဖြစ် ခန့်အပ်အပ် အမည်စာရင်း တင်သွင်းလာတာလဲဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၄) ရက် ကြာသာပတေးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)