မန္တလေးမြို့မင်္ဂလာဈေးဟာ မတ်လ ၂၂ရက်နေ့ ညနေပိုင်းက မီးလောင်းကျွမ်းမှုဖြစ်ပွား

0
292

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၇၃ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ စည်ပင်သာယာရေး ကော်မတီပိုင် မင်္ဂလာဈေးဟာ မတ်လ ၂၂ရက်နေ့ ညနေပိုင်းက မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ပြီး ည ၉နာရီဝန်းကျင်မှာ မီးညွန့်ကျိုးသွားခဲ့ပေမယ့် ၂၃ရက်နေ့ မနက်ပိုင်းအထိ မီးငြှိမ်းသတ်နေခဲ့ရတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းနေစဉ် ဈေးကြီးအတွင်းမှာ ကျန်ရှိနေတဲ့သူတွေကို ကယ်ဆယ်နိုင်ခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားရခြင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ၂၃ရက်နေ့ မနက်ပိုင်းမှာ ဈေးဆိုင်ရှင်တွေကို ပစ္စည်းထုတ်ယူမှုတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဈေးကြီးနဲ့ မီးလောင်မှုကြောင့် ရုံးခန်း (၁)ခန်း၊ အရောင်းပြခန်း ငါးခန်း၊ အထည်ဆိုင် ၂၆၃ဆိုင်၊ လူနေတိုက်ခန်း (၂၈)ခန်းတို့ ပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဈေးကြီးရဲ့ ကြံ့ခိုင်မှုအတွက် အင်ဂျင်နီယာအသင်း မန္တလေးက အင်ဂျင်နီယာတွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုင်းအဆင့် အင်ဂျင်နီယာတွေ၊ ဆည်မြောင်းဦးစီးဌာနက တိုင်းအဆင့်အင်ဂျင်နီယာတွေနဲ့ နည်းပညာတက္ကသိုလ်က ကထိက အင်ဂျင်နီယာတွေပါဝင်သော အဖွဲ့နဲ့ စစ်ဆေးလျက်ရှိတာဖြစ်ပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၃) ရက်ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)