လွှတ်တော်အသုံးစရိတ်တွေ ချွေတာဖို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြလာပါတယ်

0
309

လွှတ်တော်အသုံးစရိတ်တွေ ချွေတာဖို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြလာပါတယ်။ မတ်လ ၂၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ ဆောင်းပါးရှင် နိုင်ဆွေချစ် ရေးသားတဲ့ “အရေအတွက် စွမ်းဆောင်နိုင်မှု ဟန်ချက်ညီညီ” ဆိုတဲ့ ဆောင်းပါးမှာ အချက်လက် ကိန်းဂဏန်း တွေနဲ့အတူ ဖော်ပြလာတာပါ။ အဲ့ဒီကိန်းဂဏန်းတွေထဲမှာတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း လွှတ်တော်အသုံးစရိတ်တွေထဲက ပြည်ထောင်စုလွှတ်တော်က ကျပ်သန်းပေါင်း ၁၇၀၀ ကျော်၊ ပြည်သူ့ လွှတ်တော်က ကျပ်သန်းပေါင်း ၉၁၀၀ ကျော်နဲ့ အမျိုးသားလွှတ်တော်က ကျပ်သန်းပေါင်း ၇၆၀၀ ကျော် သုံးစွဲခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မတ်လ (၂၃) ရက်ဗုဒ္ဓဟူးနေ့
မြန်မာစံတော်ချိန် ညနေ (၁၈း၀၀) နာရီ

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)