နိုင်ငံတော် သမ္မတ တာဝန်လွှဲပြောင်းရေးအခမ်းအနားကို မတ် လ ၃၀ မှာ ကျင်းပပြုလုပ်ဖို့ရှိ

0
262

နိုင်ငံတော် သမ္မတ တာဝန်လွှဲပြောင်းရေးအခမ်းအနားကို မတ် လ ၃၀ ရက်နေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ကျင်းပပြုလုပ်ဖို့ရှိနေပါတယ်။ လက်ရှိအစိုးရအဖွဲ့ရဲ့ နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ အသွင် ကူးပြောင်းရေး အဖွဲ့တို့ မတ် ၂၂ ရက်က (၄) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထုတ်ပြန်လာတာပါ။ အဲ့ဒီ နိုင်ငံတော် သမ္မတ တာဝန်လွှဲပြောင်းရေး အခမ်းအနားအစီအစဉ်တွေမှာဆိုရင်တော့ မတ်လ ၃၀ ရက်နေ့ နိုင်ငံတော်သမ္မတသစ်က လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်ပိုင်း သမ္မတအိမ်တော်မှာ သမ္မတ နှစ်ဦးက အစိုးရအဖွဲ့ဝင် နှစ်ဖွဲ့ကို တွေ့ဆုံပေးပြီး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဦးထင်ကျော်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ကတော့ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းကစတင်ပြီး အသက်ဝင်လည်ပတ်လာမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)