မန္တလေးတိုင်းအတွင်း စိုက်ပျိုးခြင်းမရှိသော မြေဧက ၄၀ဝဝဝ ခန့်ကို ပြန်လည်သိမ်းဆည်း

0
196

မန္တလေးတိုင်း မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးအဖွဲ့သည် တိုင်းအတွင်း လုံးဝစိုက်ပျိုးခြင်းမရှိသော မြေဧက ၂၈၈၆၃ ဒသမ ၁၄ ဧကနှင့် ပြီးမြောက် အောင် စိုက်ပျိုးခြင်းမရှိဘဲ တချို့တစ်ဝက်သာ စိုက်ပျိုးထား သောမြေဧက ၁၀၉၆၈ ဒသမ ၃၈ ဧက စုစုပေါင်း ၃၉၈၃၁ ဒသမ ၅၂ ဧက စုစုပေါင်းမြေဧက ၄၀ဝဝဝ ခန့်ကို ပြန်လည် သိမ်းဆည်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်းက ပြောပါတယ်။

မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ဗဟိုစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပြီးနောက် ပြန်လည်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

“မြေလွတ်မြေရိုင်းကိစ္စက အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ နိုင်ငံပိုင်ဖြစ်တဲ့ မြေလွတ်မြေရိုင်းတွေကို နည်း အမျိုးမျိုးနဲ့ယူခဲ့တာက ပြီးခဲ့တဲ့ကာလတွေကဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအရပြောရရင် တကယ့် ဆင်ကြီး၊ ကျားကြီးတွေ ဖြစ်ပြီး တချို့ဆိုရင် တစ်ဦးတည်းနဲ့ ဧကထောင်ချီယူထားတဲ့သူတွေလည်းရှိခဲ့တယ်”လို့ ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောပါတယ်။



မန္တလေးတိုင်း မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေးအဖွဲ့သည် တိုင်းအတွင်း လုံးဝစိုက်ပျိုးခြင်းမရှိသော မြေဧက ၂၈၈၆၃ ဒသမ ၁၄ ဧကနှင့် ပြီးမြောက် အောင် စိုက်ပျိုးခြင်းမရှိဘဲ တချို့တစ်ဝက်သာ စိုက်ပျိုးထား သောမြေဧက ၁၀၉၆၈ ဒသမ ၃၈ ဧက စုစုပေါင်း ၃၉၈၃၁ ဒသမ ၅၂ ဧက စုစုပေါင်းမြေဧက ၄ဝဝဝဝ ခန့်ကို ပြန်လည် သိမ်းဆည်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်းက ပြောပါတယ်။

မြေလွတ်မြေရိုင်းစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ဗဟိုစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အမိန့်ကြေညာစာထုတ်ပြန်ခဲ့ပြီးနောက် ပြန်လည်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

“မြေလွတ်မြေရိုင်းကိစ္စက အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ နိုင်ငံပိုင်ဖြစ်တဲ့ မြေလွတ်မြေရိုင်းတွေကို နည်း အမျိုးမျိုးနဲ့ယူခဲ့တာက ပြီးခဲ့တဲ့ကာလတွေကဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအရပြောရရင် တကယ့် ဆင်ကြီး၊ ကျားကြီးတွေ ဖြစ်ပြီး တချို့ဆိုရင် တစ်ဦးတည်းနဲ့ ဧကထောင်ချီယူထားတဲ့သူတွေလည်းရှိခဲ့တယ်”လို့ ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောပါတယ်။

မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ချထားခဲ့သည့် ကြက်ဆူစိုက်ခင်းဧက ၅ဝဝဝ ကျော်မှာ စိုက်ပျိုးရန် တရားဝင်ခွင့်ပြုထားခြင်းမရှိ၍ နိုင်ငံတော်က စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ မြေလွတ်မြေရိုင်းတွေ အဖြစ် ဆက်လက်တည်ရှိနေသောကြောင့် ပြန်လည်ရုပ်သိမ်းရန်မလိုသဖြင့် လက်ရှိတွင် နိုင်ငံပိုင်အဖြစ်ထားရှိထားတာလည်းဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)