ကသာမြို့မှာ ကျပ်သိန်း(၁၀၀၀)ကျော် တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

0
257

စစ်ကိုင်းတိုင်းဒေသကြီးကသာမြို့မှာ ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ကျပ်သိန်း(၁၀၀၀)ကျော်တန်းဖိုးရှိတဲ့မူးယစ်ဆေးဝါးတွေဖမ်းမိရခဲ့ပါတယ်။

ကသာမြို့ရဲ့အနောက်ဖက်(၈) မိုင်ခန့်အကွာမှာ ကသာ အင်းတော်သွားကားလမ်းလမ်းခွကျေးရွာအနီး လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှာဖေဖော်ဝါရီလ(၂၄)ရက်နေ့ညကကသာမြို့ရဲတပ်ဖွဲ့က ကသာဘက်ကနေစီးလာတဲ့ ကိုထွန်းရင် အသက်(၄၀)နှစ်၊ ကန့်ကော်ကျေးရွာဗန်းမောက်မြို့နယ်နေ ထိုက်သူတို့ စီးလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာမှာ အနက်ရောင်ဇစ်ကျောပိုးအိတ်အတွင်း ထည့်ထားတဲ့ Love is Flower စာတန်းပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တာပါ။

ဆပ်ပြာတစ်ခွက်ကို ဖြူ /ဝါ စပ်ကြား(၁၁)ဂရမ်ခန့်စီပါ ရောင်စုံ ဆပ်ပြာခွက် (၁၀၁) ခွက်၊စုစုပေါင်း အလေးချိန် (၁၁၁၁) ဂရမ် ခန့် ကာလတန်ဘိုး(၁၁၁၁)သိန်းကျပ်ခန့် WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၀၀) ပြားစီပါ အထုတ် (၂၀) စုစုပေါင်းဆေးပြား (၄၀၀၀) ဆေးပြား ကာလတန်ဘိုး ငွေကျပ်သိန်း(၂၀၀)ခန့်၊တစ်ထောင်တန် ငွေစက္ကူ (၃၈) ရွက်တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ကသာမြို့မရဲစခန်းကကိုထွန်းရင်ကိုမူးယစ်ဆေးဝါးဥပဒေနဲ့အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)