ဦကိုနီ လုပ်ကြံမှုမှာ ပါဝင်သူတွေကို တရားစွဲဆိုထား

0
283

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သူနဲ့ ပါဝင်ပတ်သက်တဲ့သူတွေကို တရားဆွဲဆိုဖို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းခေါ်ဖိုးထူးကို ရာဇသတ်ကြီးပုဒ်မ၃၀၂၊ လက်နှက်ပုဒ်မ၁၉(စ)၊ လဝကဥပဒေ ၁၃/၁နဲ့ တရားစွဲဆိုလိုက်ပြီဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ ၂၅ရက် ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်ဇော်ဝင်းက အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ဆက်သွယ်ပေးသူတွေဖြစ်တဲ့ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ပုဒ်မ၃၀၂၊လက်နှက်ပုဒ်မ၁၉(စ)နဲအတူ ဇေယျာဖြိုးကို ရာဇသတ်ကြီး ပုဒ်မ၃၀၂၊ ၂၀၁၃ ခု ဆက်သွယ်ရေးဥပဒေပုဒ်မ၆၇၊ ရာဇသတ်ကြီး ပုဒ်မ၄၂၀၊၄၆၈တို့နဲ့ တရားစွဲဆိုထားပြီဖြစ်ပါတယ်။ ဒါ့အပြင်လွတ်မြောက်နေပြီး အဓိက တရားခံဖြစ်တဲ့အောင်ဝင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ၃၀၂-အရတရားစွဲဆိုထားတာပါ။

ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသား၇၁ဦး အမျိုးသမီး၂ဦးတို့ကိုလည်းခေါ်ယူ စစ်ဆေးခဲ့တဲ့ပြင်လွတ်မြောက်နေတဲ့ ဇော်ဝင်းခိုင်ကိုဖမ်းဆီးရမိဖို့အတွက်ပြည်နယ်နဲ့တိုင်းတွေမှာဖြန်ချက်ဆောင်ရွက်နေပြီးအာစီယံရဲတပ်ဖွဲ၊အပြင်နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)ကိုလည်းအထောက်အထားတွေပေးပို့ဆက်သွယ်ထားကာဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ရဲချုပ်ဇော်ဝင်းကရှင်းလင်းပြောကြားပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့လုပ်ကြံမှုဟာ လူငယ်တွေဘာသာရေးစိတ်ခံစားမှုကြောင့်ဖြစ်တယ်လို ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကပြောကြားပါတယ်။ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ပြည်ထဲရေးဒုတိယဝန်ကြီး၊ရဲချုပ်ဇော်ဝင်းတို့ကပြူလုပ်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)