ဦးကိုနီ လုပ်ကြံခံရမှု အစွှန်းရောက်မျိုးချစ်စိတ်ဓာတ်ကြောင့်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား

0
265

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီကို လုပ်ကြံခံရတဲ့ ဖြစ်ရပ်ဟာ အစွှန်းရောက်မျိုးချစ်စိတ်ဓာတ်ကြောင့် ဖြစ်သွားတာလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားလိုက်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အခြေအနေတွေကို ရှင်းလင်းတဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးက အဲဒီလို ပြောကြားခဲ့တာပါ။

အခုဖြစ်ရပ်ဟာ တပ်မတော်နဲ့အစိုးရကြား ပြဿနာဖြစ်အောင်လုပ်ချင်လို့လား၊ တပ်မတော်နဲ့ ပြည်သူကြားမှာ ပြဿနာဖြစ်အောင် လုပ်ချင်လို့လားဆိုတဲ့ အချက်အလက်တွေဟာ စဉ်းစားစရာဖြစ်တဲ့အတွက် ရပ်ထားလို့မရဘဲ စဉ်ဆက်မပြတ် စုံစမ်းဖော်ထုတ်သွားရမှာ ဖြစ်တာကြောင့် အောင်ဝင်းခိုင်ကို ရဖို့ လိုအပ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့ပါတယ်။

ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဦးကြည်လင်းက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ဒီအမှုနဲ့ပတ်သက်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဦးကိုနီကို သတ်ဖြတ်ဖို့ အောင်ဝင်းဇော်ကို သူ့ရဲ့ ညီဖြစ်သူက အောင်ဝင်းခိုင်က သိန်းတစ်ထောင်နဲ့ကမ်းလှမ်းခဲ့ပြီး အောင်ဝင်းဇော်က ကြည်လင်းကို တစ်ဆင့် ပြန်လည်ခိုင်းစေခဲ့တာလို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)