လွိုင်ကော်မှာ စိတ်ကြွဆေးပြား ၄၀၀၀ ကျော်နဲ့ သေနတ်တစ်လက် ဖမ်းဆီးရမိ

0
351

ကယားပြည်နယ်၊ လွိုင်ကျော်မြို့မှာ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ် ဆေးပြား ၄၁၉၄ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်၁၀၄သိန်းကျော်)၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ မူးယစ်ဆေးဝါးရောင်းရငွေ ၃၀၀၀၀ ကျပ်၊ ပွိုင့်-၂၂သေနတ်တစ်လက်၊ကျည်အိမ်တစ်ခု၊ကျည်လေးတောင့်တို့နဲ့အတူသက်ဆိုင်ရာကဖမ်းဆီးရမိခဲ့ပါတေယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ဆန်းဘွန်းကျေးရွာ၊ ပုလဲရတနာလမ်းရှိ ဇော်လွင်ဦး(ဘ)ဦးစန်းလွင်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီ ၅၀ မိနစ်ခန့် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သတင်းအရ ၀င်ရောက်ရှာဖွေရာမှာ အခုလို ဖမ်းဆီမိလိုက်တာပါ။

မူးယစ်ဆေးဝါး လက်ဝယ်ရှိသူတွေဖြစ်တဲ့ ဇော်လွင်ဦး၊ မရတနာဦး(ဘ)ဦးကျော်လင်းဦး၊မောင်ရေခဲ(ဘ)ဦးစန်းလွင် တို့ကိုလွိုင်ကော်မြို့မရဲတပ်ဖွဲ့စခန်းက တရားဥပဒေအရ အမှုဖွင့်အရေးယူလိုက်ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)