သီးနှံလျော်ကြေးငွေ ကိစ္စအတွက် တိုင်းဒေသကြီးအစိုးရနဲ့ ဝမ်ပေါင်ကုမ္ပဏီ ငါးရက်အတွင်း ဆွေးနွေးမယ်

0
278

ဝမ်ပေါင်ကုမ္ပဏီကနေ သီးနှံလျော်ကြေးငွေရဖို့ လက်ပံတောင်းတောင်ဒေသခံ တောင်သူတွေ တောင်းဆိုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ငါးရက်အတွင်း ဝမ်ပေါင်ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ လက်ပံတောင်းဒေသခံ ခုနစ်ဦးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်က ဆွေးနွေးရာမှာ အစိုးရအဖွဲ့က ခုလို ပြောကြားခဲ့တာပါ။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ဝမ်ပေါင်ကုမ္ပဏီကို ငါးရက်အတွင်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး မဆင်မပြေရင်တော့ ပြည်ထောင်စုအစိုးအဖွဲ့ကို တင်ပြသွားမယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားကြောင်း အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တုံတောကျောင်းရွာက ဒေါ်စန်းနွဲ့က MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်းမေးမြန်းချက်မှာ ဖြေကြားခဲ့ပါတယ်။

သီးနှံလျော်ကြေးငွေနဲ့ပတ်သက်ပြီး ဒီကနေ့အစည်းအဝေးကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်လုံခြုံရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနဲ့ လက်ပံတောင်းတောင်ဒေသခံတွေရဲ့ ကိုယ်စားလှယ် ခုနစ်ဦးကို တက်ရောက်ခဲ့ကြတာြ ဖစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ သီးနှံလျော်ကြေးငွေကို အဓိကဆွေးနွေးပြီး သီးနှံလျော်ကြေးငွေကိစ္စအဆင်ပြေရင် တစ်ဆင့်ချင်းတက်ပြီး နောက်ထပ် မြေယာကိစ္စတွေကိုလည်း ထပ်မံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ တားဆီးထားတဲ့ ဝမ်ပေါင်ကုမ္ပဏီက ကြေးနီကားနှစ်စီးကိုတော့ တိုင်းဒေသကြီးအစိုးရနဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ငါးရက်အတွင်းလုပ်ငန်း ဆွေးနွေးပွဲရလဒ်ပေါ်မူတည်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ဒေသခံတွေက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)