“မစူးစမ်းရသေးသည့် မီးရထားလမ်း” ခရီးသွားမှတ်တမ်း အစီအစဉ် NHK အဖွဲ့ ရိုက်ကူး

0
64

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့ဟာ “မစူးစမ်းရသေးသည့် မီးရထားလမ်း” အမည်နဲ့ ခရီးသွားမှတ်တမ်းတင် ရုပ်သံ အစီအစဉ်ကို ရိုက်ကူးနေပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့က သာစည်ဘူတာမှ ပထမ လွန်းထိုးဘူတာအထိ ရထားစီးနင်းလိုက်ပါပုံ၊ ရုံပိုင်ကို လွွန်းထိုးရထားလမ်းအကြောင်း မေးမြန်းပုံ၊ ဘူတာအနီး ထမင်းလှည့်လည်ရောင်းချနေပုံ၊ ပထမ လွန်းထိုးဘူတာမှ ဆင်တောင်ဘူတာကို စီးနင်းလိုက်ပါပုံ၊ ခရီးသည်တွေကို ခရီးစဉ်နဲ့ အလုပ်အကိုင်တွေအကြောင်း မေးမြန်းပုံတို့ကို ရိုက်ကူးခဲ့ပါတယ်။


“မစူးစမ်းရသေးသည့် မီးရထားလမ်း” ခရီးသွားမှတ်တမ်း အစီအစဉ် NHK အဖွဲ့ ရိုက်ကူး

ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့ဟာ “မစူးစမ်းရသေးသည့် မီးရထားလမ်း” အမည်နဲ့ ခရီးသွားမှတ်တမ်းတင် ရုပ်သံ အစီအစဉ်ကို ရိုက်ကူးနေပါတယ်။ 

ဇန်နဝါရီလ ၂၄ ရက်နေ့က သာစည်ဘူတာမှ ပထမ လွန်းထိုးဘူတာအထိ ရထားစီးနင်းလိုက်ပါပုံ၊ ရုံပိုင်ကို လွန်းထိုးရထားလမ်းအကြောင်း မေးမြန်းပုံ၊ ဘူတာအနီး ထမင်းလှည့်လည်ရောင်းချနေပုံ၊ ပထမ လွန်းထိုးဘူတာမှ ဆင်တောင်ဘူတာကို စီးနင်းလိုက်ပါပုံ၊ ခရီးသည်တွေကို ခရီးစဉ်နဲ့ အလုပ်အကိုင်တွေအကြောင်း မေးမြန်းပုံတို့ကို ရိုက်ကူးခဲ့ပါတယ်။

NHK ရုပ်သံအဖွဲ့ဟာ မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ်၊ ရှမ်းပြည်နယ်ရှိ ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ဆီဆိုင်မြို့နယ်များရှိ ဘူတာရုံတွေနဲ့ မီးရထားလမ်း တစ်လျှောက် အခြေအနေတွေကိုလည်း ရိုက်ကူးနေပါတယ်။ ဂျပန်သရုပ်ဆောင် အိုတိုအို တာကူမာက မီးရထားနဲ့ ခရီးသွားလာပြီး မီးရထားလမ်းတစ်လျှောက်ရှိ လူမျိုးစုတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ နေထိုင်မှုဘဝတွေ၊ သဘာဝရှုခင်းတွေကို ရိုက်ကူးတင်ဆက်နေတာ ဖြစ်ပါတယ်။ အခု ရိုက်ကူးတဲ့ အစီအစဉ်ကို NHK BS Premium, International Broadcasting On-demand (Online Distribution) နဲ့ ဧပြီလမှာ ပြသမှာ ဖြစ်ပါတယ်။