မြတ္စလင္ ဒုကၡသည္ေတြကို ေထာက္ခံမႈျပဖို႔ ဘဂၤလားေဒ့ရွ္ ေဂါက္႐ိုက္သမား ၿပိဳင္ပြဲက ႏုတ္ထြက္

0
2369

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေရာက္ မြတ္စလင္ေတြကို ေထာက္ခံမႈ ျပသတဲ့အေနနဲ႔ ဘဂၤလားေဒ့ရွ္ ေဂါက္႐ိုက္သမား ဆစ္ဒီကူးရ္ ရာမန္က Leopalace21 Myanmar Open ေဂါက္႐ိုက္ၿပိဳင္ပြဲကေန ႏုတ္ထြက္လိုက္ပါတယ္။

မေန႔က ဇန္နဝါရီ ၂၄ ရက္ေန႔မွာ ႏုတ္ထြက္လိုက္တဲ့ ဆစ္ဒီကူးရ္က စိတ္မသက္မသာ ျဖစ္တယ္လို႔ ေျပာၿပီး ရန္ကုန္မွာ က်င္းပမယ့္ ေဂါက္႐ိုက္ၿပိဳင္ပြဲကေန ႏုတ္ထြက္တာ ျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာေတြကို ေထာက္ခံတယ္၊ သူလည္း မြတ္စလင္ တစ္ေယာက္အေနနဲ႔ ျမန္မာျပည္သြားရမွာ လံုၿခံဳတယ္လို႔ မခံစားရဘူးလို႔ ဆစ္ဒီကူးရ္က ဒါကာၿမိဳ႕မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဆစ္ဒီကူးရ္ဟာ ၂၀၁၆ ခုႏွစ္ အိုလံပစ္ၿပိဳင္ပြဲအတြက္ အရည္အခ်င္းစစ္ ေအာင္တဲ့ ပထမဆံုး ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မွတ်စလင် ဒုက္ခသည်တွေကို ထောက်ခံမှုပြဖို့ ဘင်္ဂလားဒေ့ရှ် ဂေါက်ရိုက်သမား ပြိုင်ပွဲက နုတ်ထွက်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် မွတ်စလင်တွေကို ထောက်ခံမှု ပြသတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဂေါက်ရိုက်သမား ဆစ်ဒီကူးရ် ရာမန်က Leopalace21 Myanmar Open ဂေါက်ရိုက်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပါတယ်။

မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့မှာ နုတ်ထွက်လိုက်တဲ့ ဆစ်ဒီကူးရ်က စိတ်မသက်မသာ ဖြစ်တယ်လို့ ပြောပြီး ရန်ကုန်မှာ ကျင်းပမယ့် ဂေါက်ရိုက်ပြိုင်ပွဲကနေ နုတ်ထွက်တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ထောက်ခံတယ်၊ သူလည်း မွတ်စလင် တစ်ယောက်အနေနဲ့ မြန်မာပြည်သွားရမှာ လုံခြုံတယ်လို့ မခံစားရဘူးလို့ ဆစ်ဒီကူးရ်က ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဆစ်ဒီကူးရ်ဟာ ၂၀၁၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲအတွက် အရည်အချင်းစစ် အောင်တဲ့ ပထမဆုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)