ကားမွတ္တိုင္ တစ္ခု သိန္း ၃၅၀ နဲ႔ အခု ၅၀၀ အဆင့္ျမႇင့္မယ္

0
2275

ရန္ကုန္ၿမိဳ႕မွာ ရွိတဲ့ ဘတ္စ္ကား မွတ္တိုင္ အခု ၅၀၀ ကို တစ္ခုလွ်င္ က်ပ္ သိန္း ၃၅၀ ႏႈန္းနဲ႔ အဆင့္ျမွင့္တင္မွာ ျဖစ္ပါတယ္။

ဘတ္စ္ကားမွတ္တိုင္ေတြ အဆင့္ျမွင့္တင္ေရး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရး ေကာ္မတီက ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွာ တင္ဒါေခၚယူၿပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ FMI Decaux က လုပ္ကိုင္ခြင့္ ရရွိခဲ့ပါတယ္။ ပထမအဆင့္ အေနနဲ႔ မွတ္တိုင္ ၃၅၀ ကို စတင္ ေဆာင္ရြက္မွာ ျဖစ္ပါတယ္။

အဆင့္ျမွင့္မယ့္ မွတ္တိုင္မွာ ဘတ္စကား ေရာက္ရွိခ်ိန္ ေဖာ္ျပခ်က္ LED Screen ေတြ၊ ကြန္ပ်ဴတာနဲ႔ အီလက္ထေရာနစ္ ပစၥည္းေတြ၊ ဖုန္းအားသြင္းႏိုင္တဲ့ USB ေပါက္ေတြ၊ ေၾကာ္ျငာနဲ႔ သတင္းအခ်က္အလက္ေတြ ထည့္သြင္းမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကားမှတ်တိုင် တစ်ခု သိန်း ၃၅၀ နဲ့ အခု ၅၀ဝ အဆင့်မြှင့်မယ်

ရန်ကုန်မြို့မှာ ရှိတဲ့ ဘတ်စ်ကား မှတ်တိုင်း အခု ၅၀ဝ ကို တစ်ခုလျှင် ကျပ် သိန်း ၃၅၀ နှုန်းနဲ့ အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်။

ဘတ်စ်ကားမှတ်တိုင်တွေ အဆင့်မြှင့်တင်ရေး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ တင်ဒါခေါ်ယူပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ FMI Decaux က လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။ ပထမအဆင့် အနေနဲ့ မှတ်တိုင် ၃၅၀ ကို စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဆင့်မြှင့်မယ့် မှတ်တိုင်မှာ ဘတ်စကား ရောက်ရှိချိန် ဖော်ပြချက် LED Screen တွေ၊ ကွန်ပျူတာနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ၊ ဖုန်းအားသွင်းနိုင်တဲ့ USB ပေါက်တွေ၊ ကြော်ငြာနဲ့ သတင်းအချက်အလက်တွေ ထည့်သွင်းမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)