
0
2212




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၉ လအတွင်း တရားမဝင် ကျွန်းသစ် တန် ၇ ထောင်ကျော် သိမ်းဆည်းရမိ

တိုင်းဒေသကြီးနဲ့ ပြည်နယ် သစ်တောဦးစီးဌာနတွေဟာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ ၉ လအတွင်း တရားမဝင် ကျွန်းသစ် ၇၄၀၆ တန်ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် သစ်မာ တန် ၁ သောင်းကျော်၊ တခြားအသား တန် ၁၈၀ဝ၀ နီးပါးလည်း သိမ်းဆည်ရမိပါတယ်။ သစ်တောထွက် ပစ္စည်းဖြစ်တဲ့ မီးသွေးလည်း တန် ၅ ထောင်ကျော် ဖမ်းမိခဲ့ပါတယ်။

တရားမဝင်သစ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကား အစီး ၁၈၆၀၊ မြေတူးစက်၊ မြေကော်စက်နဲ့ ကရိန်း ၈ စီး၊ ထော်လာဂျီ၊ ဒိန်းဒေါင်းနဲ့ ထွန်စက် ၁၁၅ စီး၊ စက်လှေ၊ ပဲ့ထောင်နဲ့ ရေယာဉ် ၁၈ စီး၊ သစ်စက်နဲ့ အင်ဂျင် ၃၆၅ လုံးတို့ကိုလည်း သိမ်းဆည်းရမိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)