ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မေျပလည္ ျဖစ္ခဲ့တယ္လို႔ ရစ္ခ်တ္ဆန္ ေျပာ

0
2379

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဇန္နဝါရီလ ၂၂ ရက္ေန႔က ေတြ႔ဆံုစဥ္ အဖမ္းခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကိစၥ ေျပာဆိုခဲ့ရာက မေျပမလည္ ျဖစ္ခဲ့တယ္လို႔ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီ အဖြဲ႔ကေန ႏုတ္ထြက္သြားတဲ့ မစၥတာ ဘီလ္ ရစ္ခ်တ္ဆန္က ေျပာပါတယ္။

႐ိုက္တာ သတင္းေထာက္ေတြ ကိစၥ မွ်မွ်တတနဲ႔ ျမန္ျမန္ဆန္ဆန္ ေဆာင္ရြက္ဖို႔ သူ႔ရဲ႕ ပန္ၾကားခ်က္အေပၚ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တံု႔ျပန္မႈကို အလြန္စိတ္မေကာင္း ျဖစ္တယ္လို႔ မစၥတာ ရစ္ခ်တ္ဆန္က VOA နဲ႔ အင္တာဗ်ဴးမွာ ေျပာထားပါတယ္။

အစိုးရလွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ပတ္သက္တဲ့ ကိစၥျဖစ္တဲ့အျပင္ ဒီကိစၥကို ရခိုင္ျပည္နယ္ အႀကံေပးအဖြဲ႔ဝင္ တစ္ဦးအေနနဲ႔ ေျပာရမယ့္အလုပ္ မဟုတ္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က တံု႔ျပန္တယ္လို႔ သူက ေျပာပါတယ္။ မစၥတာ ရစ္ခ်တ္ဆန္ဟာ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီကေန ႏုတ္ထြက္ၿပီး မေန႔က ဇန္နဝါရီ ၂၄ ရက္ေန႔မွာ ျမန္မာႏိုင္ငံကေန ထြက္ခြာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်တွေ ကိစ္စကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မပြေလည် ဖြစ်ခဲ့တယ်လို့ ရစ်ချတ်ဆန် ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံစဉ် အဖမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကိစ္စ ပြောဆိုခဲ့ရာက မပြေမလည် ဖြစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ကနေ နုတ်ထွက်သွားတဲ့ မစ္စတာ ဘီလ် ရစ်ချတ်ဆန်က ပြောပါတယ်။

ရိုက်တာ သတင်းထောက်တွေ ကိစ္စ မျှမျှတတနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ သူ့ရဲ့ ပန်ကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်မှုကို အလွန်စိတ်မကောင်း ဖြစ်တယ်လို့ မစ္စတာ ရစ်ချတ်ဆန်က VOA နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်တဲ့အပြင် ဒီကိစ္စကို ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ဝင် တစ်ဦးအနေနဲ့ ပြောရမယ့်အလုပ် မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်တယ်လို့ သူက ပြောပါတယ်။ မစ္စတာ ရစ်ချတ်ဆန်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီကနေ နုတ်ထွက်ပြီး မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်ခွာသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)