အၾကပ္ကိုင္ အေျဖရွာနည္းနဲ႔ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး မရႏိုင္ေၾကာင္း UNFC ေျပာ

0
1919

အၾကပ္ကိုင္ အေျဖရွာတဲ့နည္းနဲ႔ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးကို တည္ေဆာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ညီညြတ္ေသာ တိုင္းရင္းသား လူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ (UNFC) က ေျပာပါတယ္။

ႏိုင္ငံေရးဆိုင္ရာ ညွိႏိႈင္းေဆြးေႏြးေရး ကိုယ္စားလွယ္ အဖြဲ႔ (DPN) နဲ႔ ၿငိမ္းခ်မ္းေရး ေကာင္စီ (PC) တို႔အၾကား ေနာက္ဆံုး တစ္ဆို႔ေနတဲ့ အဓိက အခ်က္တစ္ခ်က္ျဖစ္တဲ့ “ဖက္ဒရယ္ဒီမိုကေရစီ” ေဝါဟာရနဲ႔ ပတ္သက္ၿပီး ႏွစ္ဖက္ထပ္သီးေခါင္းေဆာင္ေတြ အဆင့္မွာ ေတြ႔ဆံုညွိႏိႈင္း အေျဖရွာဖို႔ သေဘာတူခဲ့ေၾကာင္း၊ အေျဖရွာဖို႔ နည္းလမ္းမ်ိဳးစံုနဲ႔ ႀကိဳးပမ္းေနခ်ိန္မွာ အစိုးရတပ္မေတာ္ဘက္က အၾကပ္ကိုင္ အေျဖရွာတဲ့ နည္းလမ္းေဟာင္းနဲ႔ လုပ္ေဆာင္လာခဲ့တဲ့အတြက္ အႏွစ္သာရနဲ႔ အဓိပၸာယ္ရွိတဲ့ ေတြ႔ဆံု ေဆြးေႏြးမႈ ေပ်ာက္ကြယ္သြားခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးဖို႔ အဆိုျပဳထားတဲ့ အခ်က္ ၈ ခ်က္ကို DPN နဲ႔ PC တို႔ တရားဝင္ နိဂံုးခ်ဳပ္ႏိုင္ေရးအဆင့္ကို UNFC အတြင္း အေက်အလည္ ေဆြးေႏြးသြားၾကမယ္လို႔လည္း ဇန္နဝါရီ ၂၄ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြပ်ကိုင် အဖြေရှာနည်းနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး မရနိုင်ကြောင်း UNFC ပြော

အကြပ်ကိုင် အဖြေရှာတဲ့နည်းနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ပြောပါတယ်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) နဲ့ ငြိမ်းချမ်းရေး ကောင်စီ (PC) တို့အကြား နောက်ဆုံး တစ်ဆို့နေတဲ့ အဓိက အချက်တစ်ချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီ” ဝေါဟာရနဲ့ ပတ်သက်ပြီး နှစ်ဖက်ထပ်သီးခေါင်းဆောင်တွေ အဆင့်မှာ တွေ့ဆုံညှိနှိုင်း အဖြေရှာဖို့ သဘောတူခဲ့ကြောင်း၊ အဖြေရှာဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေချိန်မှာ အစိုးရတပ်မတော်ဘက်က အကြပ်ကိုင် အဖြေရှာတဲ့ နည်းလမ်းဟောင်းနဲ့ လုပ်ဆောင်လာခဲ့တဲ့အတွက် အနှစ်သာရနဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှု ပျောက်ကွယ်သွားခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးဖို့ အဆိုပြုထားတဲ့ အချက် ၈ ချက်ကို DPN နဲ့ PC တို့ တရားဝင် နိဂုံးချုပ်နိုင်ရေးအဆင့်ကို UNFC အတွင်း အကျေအလည် ဆွေးနွေးသွားကြမယ်လို့လည်း ဇန်နဝါရီ ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)