ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္နဲ႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္တို႔ ေတြ႔ဆံုေဆြးေႏြး

0
2210

အိႏိၵယႏိုင္ငံကို ေရာက္ရွိေနတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရိန္ျဒာ မိုဒီတို႔ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံ ေလးေလးနက္နက္ ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္ ျမန္မာႏိုင္ငံ ခရီးစဥ္တုန္းက ဆံုးျဖတ္ခ်က္ေတြကို ဆက္လက္ အေကာင္အထည္ေဖာ္ေရး ေဆြးေႏြးၾကပါတယ္။

အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရိန္ျဒာ မိုဒီဟာ ျမန္မာႏိုင္ငံကို ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ လာေရာက္လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရိန္ျဒာ မိုဒီတို႔ မေန႔က ဇန္နဝါရီ ၂၄ ရက္ေန႔ ေဆြးေႏြးမႈေတြထဲမွာ ရခိုင္ျပည္နယ္ ဖြံ႔ၿဖိဳးေရးနဲ႔ တည္ၿငိမ္မႈ ရရွိေရး အိႏၵယက အကူအညီေပးမယ့္ ကိစၥလည္း ပါဝင္ပါတယ္။

အိႏၵိယႏိုင္ငံျခားေရး ဝန္ႀကီး အက္စ္ ဂ်ိဳင္ရွန္ကာ ျမန္မာႏိုင္ငံကို လာေရာက္စဥ္ကလည္း လူမႈ-စီးပြား ဖြံ႔ၿဖိဳးေရး၊ ရခိုင္ျပည္နယ္မွာ သက္ေမြးဝမ္းေၾကာင္း လုပ္ငန္းမ်ား ဖန္တီးေရး အစိုးရခ်င္း ပထမဆံုး သေဘာတူ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီတို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ်တုန်းက ဆုံးဖြတ်ချက်တွေကို ဆက်လက် အကောင်အထည်ဖော်ရေး ဆွေးနွေးကြပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီဟာ မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ လာရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန်ဒြာ မိုဒီတို့ မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့ ဆွေးနွေးမှုတွေထဲမှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်မှု ရရှိရေး အိန္ဒယက အကူအညီပေးမယ့် ကိစ္စလည်း ပါဝင်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ မြန်မာနိုင်ငံကို လာရောက်စဉ်ကလည်း လူမှု-စီးပွား ဖွံ့ဖြိုးရေး၊ ရခိုင်ပြည်နယ်မှာ သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖန်တီးရေး အစိုးရချင်း ပထမဆုံး သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)