
0
1661




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လိုသလို နှပ်ကြောပေး ပုံသွင်းရေးသားမှုမျိုးတွေ ရှောင်ကြဉ်ဖို့ သတိပေး

လိုသလို နှပ်ကြောပေး ပုံသွင်းရေးသားမှုမျိုးတွေနဲ့ စိတ်ခံစားမှု လှုံ့ဆောင်ရေးသားမှုမျိုးတွေကို ရှောင်ကြဉ်ဖို့ အမေရိကန်အပါဝင် နိုင်ငံတကာသတင်းဌာနတွေကို မြန်မာအစိုးရက သတိပေးပြောကြား လိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီးဖြစ်လာတဲ့ ဦးအောင်လှထွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့က အမေရိကန်အစိုးရရဲ့ သတင်းဌာနတွေဖြစ်တဲ့ VOA နဲ့ RFA တို့က တာဝန်ရှိသူတွေနဲ့ အိမ်ဖြူတော်ဆက်ဆံရေးအရာရှိတွေကို လက်ခံတွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ချောမွေ့ရေးကို အဟန့်အတား ဖြစ်စေမယ့် ဘယ်အရာကိုမှ မဖြစ်စေသင့်ဘူးလို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)