
0
1933




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြီးယား Unicredit Bank ကနေ ယူရို ၅ သန်း ချေးယူဖို့ ပြည်ထောင်စု လွှတ်တော် သဘောတူ

သြစတြီးယားနိုင်ငံရှိ ယူနီခရက်ဒစ် ဘဏ် (Unicredit Bank) ကနေ ယူရိုငွေ ၅ သန်း ချေးယူဖို့ သမ္မတ ဦးထင်ကျော်ရဲ့ ပေးပို့ချက်ကို ပြည်ထောင်စုလွှတ်တော်က သဘောတူလိုက်ပါတယ်။

သြစတြီးယား နည်းပညာနဲ့ တည်ဆောက်မယ့် ကင်းချောင်းတံတားအတွက် တံတားသံပေါင်တွေ ဝယ်ယူရေး ငွေချေးယူဖို့ မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့မှာ အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးနဲ့ ဖက်စပ်ထုတ်လုပ်တဲ့ J & M Steel က ထုတ်လုပ်တဲ့ ဟုမ္မလင်း တံတား သံပေါင်၊ ဂျပန်နည်းပညာနဲ့ တည်ဆောက်တဲ့ အောင်ဆန်းတံတား (ဘီလူးကျွန်း) သံပေါင်တွေထက် သြစတြီးယား နည်းပညာနဲ့ ဆောက်မယ့် တံတားသံပေါင် ဈေးနှုန်းက ၂၅ ရာခိုင်နှုန်း များပေမယ့် တာရှည်ခံမှုအရ တွက်ခြေကိုက်လို့ အခုလို ငွေချေးယူ တည်ဆောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)