ျပန္လည္လက္ခံမယ့္ မြတ္စလင္ ၇၅၀ နဲ႔ ဟိႏၵဴ ၅၀၈ ဦး စာရင္း ေပးပို႔ထား

0
411

ျမန္မာႏိုင္ငံဘက္က ပထမဆံုး အသုတ္အျဖစ္ ျပန္လည္ လက္ခံမယ့္ မြတ္စလင္ ၇၅၀ နဲ႔ ဟိႏၵဴ ၅၀၈ ဦး စာရင္းကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္ဘက္ကို ေပးပို႔ထားတယ္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးက ေျပာပါတယ္။

ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ ျမန္မာ၊ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ Joint Working Group ေတြ၊ ႏွစ္ႏိုင္ငံ ပူးတြဲေဆာင္ရြက္မယ့္ အဖြဲ႔ေတြ အစည္းအေဝးလုပ္ၿပီး သေဘာတူညီခ်က္အရ အဲဒီ ပထမအသုတ္ လက္ခံမယ့္စာရင္းကို ေပးခဲ့တာ ျဖစ္ပါတယ္။

ျပန္လည္ လက္ခံမယ့္ေန႔ စတင္တဲ့ရက္က ဇန္နဝါရီလ ၂၃ ရက္ ျဖစ္ၿပီး ျမန္မာဘက္က အဆင္သင့္ ျဖစ္ေပမယ့္ ဘဂၤလားေဒ့ရွ္ဘက္က အဆင္သင့္ မျဖစ္တဲ့အတြက္ ပို႔ေဆာင္ႏိုင္ျခင္း မရွိပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြန်လည်လက်ခံမယ့် မွတ်စလင် ၇၅၀ နဲ့ ဟိန္ဒူ ၅၀၈ ဦး စာရင်း ပေးပို့ထား

မြန်မာနိုင်ငံဘက်က ပထမဆုံး အသုတ်အဖြစ် ပြန်လည် လက်ခံမယ့် မွတ်စလင် ၇၅၀ နဲ့ ဟိန္ဒူ ၅၀၈ ဦး စာရင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ Joint Working Group တွေ၊ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မယ့် အဖွဲ့တွေ အစည်းအဝေးလုပ်ပြီး သဘောတူညီချက်အရ အဲဒီ ပထမအသုတ် လက်ခံမယ့်စာရင်းကို ပေးခဲ့တာ ဖြစ်ပါတယ်။

ပြန်လည် လက်ခံမယ့်နေ့ စတင်တဲ့ရက်က ဇန်နဝါရီလ ၂၃ ရက် ဖြစ်ပြီး မြန်မာဘက်က အဆင်သင့် ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့် မဖြစ်တဲ့အတွက် ပို့ဆောင်နိုင်ခြင်း မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)