ရခိုင္အႀကံေပး ေကာ္မတီကေန ဘီလ္ ရစ္ခ်တ္ဆန္ ႏုတ္ထြက္

0
428

ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေရး ေကာ္မတီ အဖြဲ႔ဝင္ ျပည္ပပုဂၢိဳလ္ ၅ ဦးအနက္ နယူးမကၠဆီကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဘီလ္ ရစ္ခ်တ္ဆန္ ႏုတ္ထြက္သြားပါတယ္။

ရခိုင္ျပည္နယ္ အေရးမွာ ျပႆနာကို မဖံုးဖိခ်င္တဲ့အတြက္ ႏုတ္ထြက္တာ ျဖစ္တယ္လို႔ မစၥတာ ဘီလ္ ရစ္ခ်တ္ဆန္က ေျပာပါတယ္။ သူဟာ မေန႔က ဇန္နဝါရီ ၂၄ ရက္ေန႔မွာပဲ ျမန္မာႏိုင္ငံက ထြက္ခြာသြားပါတယ္။

မႏွစ္က ဒီဇင္ဘာ ၉ ရက္ေန႔မွာ ဖြဲ႔စည္းတဲ့ အဲဒီေကာ္မတီမွာ ျပည္ပပုဂၢိဳလ္ေတြ အေနနဲ႔ ေဒါက္တာ ဆူရာကီယာ့တ္ ဆာသီရာထိုင္း (အာရွ ၿငိမ္းခ်မ္းေရးႏွင့္ ျပန္လည္သင့္ျမတ္ေရး ေကာင္စီ ဥကၠ႒၊ ထိုင္း ဒု ဝန္ႀကီးခ်ဳပ္ေဟာင္း)၊ မစၥတာ အာဘန္ အာလင္ (ဆြီဒင္ ပါလီမန္ ဥကၠ႒)၊ ဘီလ္ ရစ္ခ်တ္ဆန္ (နယူးမကၠဆီကို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္း)၊ ပါေမာကၡ ေလာ့ဒ္ ဒါဇီ၊ မစၥတာ ႐ိုးေလာ့ဖ္ ပီထ႐ူးစ္ ေမယာ (ေတာင္အာဖရိက ကာကြယ္ေရး ဝန္ႀကီးေဟာင္း) တို႔ ပါဝင္ပါတယ္။ ေကာ္မတီမွာ ျပည္တြင္းက ပုဂၢိဳလ္ ၅ ဦးလည္း ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်အကြံပေး ကော်မတီကနေ ဘီလ် ရစ်ချတ်ဆန် နုတ်ထွက်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင် ပြည်ပပုဂ္ဂိုလ် ၅ ဦးအနက် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ် ရစ်ချတ်ဆန် နုတ်ထွက်သွားပါတယ်။

ရခိုင်ပြည်နယ် အရေးမှာ ပြဿနာကို မဖုံးဖိချင်တဲ့အတွက် နုတ်ထွက်တာ ဖြစ်တယ်လို့ မစ္စတာ ဘီလ် ရစ်ချတ်ဆန်က ပြောပါတယ်။ သူဟာ မနေ့က ဇန်နဝါရီ ၂၄ ရက်နေ့မှာပဲ မြန်မာနိုင်ငံက ထွက်ခွာသွားပါတယ်။

မနှစ်က ဒီဇင်ဘာ ၉ ရက်နေ့မှာ ဖွဲ့စည်းတဲ့ အဲဒီကော်မတီမှာ ပြည်ပပုဂ္ဂိုလ်တွေ အနေနဲ့ ဒေါက်တာ ဆူရာကီယာ့တ် ဆာသီရာထိုင်း (အာရှ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ ထိုင်း ဒု ဝန်ကြီးချုပ်ဟောင်း)၊ မစ္စတာ အာဘန် အာလင် (ဆွီဒင် ပါလီမန် ဥက္ကဋ္ဌ)၊ ဘီလ် ရစ်ချတ်ဆန် (နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း)၊ ပါမောက္ခ လော့ဒ် ဒါဇီ၊ မစ္စတာ ရိုးလော့ဖ် ပီထရူးစ် မေယာ (တောင်အာဖရိက ကာကွယ်ရေး ဝန်ကြီးဟောင်း) တို့ ပါဝင်ပါတယ်။ ကော်မတီမှာ ပြည်တွင်းက ပုဂ္ဂိုလ် ၅ ဦးလည်း ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)