ဗြိတိသျှ-မြန်မာ လွှတ်တော်တွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ်

0
344

ဗြိတိသျှလွှတ်တော်နဲ့ မြန်မာလွှတ်တော် ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ဗြိတိန်နိုင်ငံကို ချစ်ကြည်ရေးအလည်အပတ် ခရီးစဉ်အနေနဲ့ ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. Mr. John Bercow တို့ Westminster ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌရုံးခန်းမှာ တွေ့ဆုံစဉ် အဲ့ဒီလို တိုးမြှင့်ဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။

ဒါအပြင် လွှတ်တော်တွေရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့၊ လွှတ်တော်ရဲ့ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့အတူ ဗြိတိန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်မှာ ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဇော်ဝင်း၊ လွှတ်တော် အခွင့်အရေး ကော်မတီ အဖွဲ့ဝင် ဦးစိုင်းစန်သိန်း၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဒေါ်ရွှေပုံ၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်စွာမင်းတို့အပါအ၀င်  ပြည်သူ့ လွှတ်တော်ရုံးက တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)