တရားမဝင် ကုန်စည်တွေ ထိန်းချုပ်နိုင်ဖို့ သတင်းပေးသူတွေကို ဖမ်းဆီးရမိတဲ့ ပစ္စည်းတန်ဘိုးရဲ့ ၅၀% ထိုက်တန်စွာ ဂုဏ်ပြု မယ်

0
717

တရားမဝင် ကုန်စည်တွေ ထိန်းချုပ်နိုင်ဖို့ သတင်းပေးသူတွေနဲ့ ဖမ်းဆီးသူတွေကို ဖမ်းဆီးရမိတဲ့ ပစ္စည်းတန်ဘိုးရဲ့ ၅၀% အထိ ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့်သွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၅) ရက်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံးမှာကျင်းပပြုလုပ်တဲ့ တရားမဝင် ကုန်စည်များ တားဆီး ထိန်းချုပ်ရေး အတွက် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးမှာ ပြည်ထောင်စု ၀န်ကြီးက အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် တရားမဝင် ကုန်စည်တွေ တားဆီး ထိန်းချုပ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်မှာ ရေပူ စစ်ဆေးရေးဂိတ်နဲ့ မွန်ပြည်နယ်နယ်မှာ မရမ်းချောင် စစ်ဆေးဂိတ်တွေကို ဖွင့်လှစ်ပြီး အဆင့်မြင့် နည်းပညာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်သလို တာဝန်ကျ ၀န်ထမ်းတွေကြားမှာ လာဘ်ပေး လာဘ်ယူမှုတွေ ရှိခဲ့ရင် ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)