အာဟာရဖွံ့ဖြိုးရေး သုတေသနလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

0
308

မြန်မာနိုင်ငံရဲ့ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ စာရင်းတွေကို တိကျစွာ ကောက်ယူပြီး ထိရောက်အောင် ဆောင်ရွက်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။


ဇန်န၀ါရီလ (၂၅) ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပြည်သာယာခန်းမမှာ ကျင်းပတဲ့ အမျိုးသား အာဟာရ ဆိုင်ရာ မဟာဗျူဟာနဲ့ ပတ်သက်တဲ့ ၀န်ကြီးဌာနတွေအကြား ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး အဖွင့်အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ဒါအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပခုက္ကူမြို့နယ် စံပြကြီးကျေးရွာမှာ ကျင်းပပြုလုပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၂ နှစ်အောက် ကလေးတွေ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းစီမံချက် ရှင်းလင်းပွဲကို တက်ရောက်ခဲ့သလို ဒေသခံတွေကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)