မြန်မာနိုင်ငံမှာ လက်တုံ့ပြန်တာမျိုးတွေ ဖြစ်လာမှာစိုးတယ်လို့ မစ္စ ရန်ဟီးလီ ပြော

0
329

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက မြန်မာနိုင်ငံကို လာရောက်တဲ့ သူရဲ့ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူတွေအပေါ် လက်တုံ့ပြန်တာမျိုးတွေ ဖြစ်မှာစိုးတယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ပြီး ဆွန်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ပြန်ရာက်ပြီးနောက်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ ခုလို ထုတ်ပြန်ပြောကြားလိုက်တာပါ။

“ခရီးစဉ်အတွင်း ကျွန်မစိတ်ထဲမှာ လေးလေးပင်ပင် ရောက်နေတဲ့ စကားတစ်လုံး ရှိပါတယ်။ အဲဒါကတော့ လက်တုံ့ပြန်တာပါပဲ”လို့ ရန်ဟီးလီက ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ကို အသုံးချတာတွေ များလာတာကိုလည်း သတိထားမိတယ်လို့ မစ္စ ရန်ဟီးလီက ဆိုပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ဟီးလီဟာ သူ့ရဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို သွားရောက်ခဲ့ပြီး အကျဉ်းသားတွေကို ထားတဲ့ မွန်ပြည်နယ်က အလုပ်စခန်းတစ်ခုကိုလည်း ပထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့ပါသေးတယ်။

မစ္စ ရန်ဟီးလီဟာ ၁၂ ရက်ကြာမြင့်တဲ့ ဒီခရီးစဉ်နဲ့ပတ်သက်တဲ့ အထူးအစီရင်ခံစာကို ဒီနှစ် မတ်လမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြသွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)