TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထောင်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းများ တွေ့ရှိ

0
299

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ္မတူမြို့အနီး တပ်မတော်စစ်ကြောင်းက လမ်းလုံခြုံရေးဆောင်ရွက်စဉ်မှာ လက်လုပ်မိုင်းတွေနဲ့အတူ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိရှင်းလင်းခဲ့ပါတယ်။

ဒီကနေ့မနက် ၁၀ နာရီက နမ္မတူမြို့အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာမှာ TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ထောင်ထားတဲ့ အဲဒီဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ရှိခဲ့တာပါ။

အဲဒီလက်နှက်တွေဟာ အဝေးထိန်းစနစ်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းခြောက်လုံး၊ စနက်တံခြောက်ခု၊ ၁၂ ဗို့ ဘက်ထရီအိုး တစ်လုံးနဲ့ဆက်စပ် ပစ္စည်းတွေကို တွေ့ရှိရှင်းလင်းခဲ့ရာ နေ့လယ် ၁၂ နာရီမှာ မိုင်းတွေအား သက်မဲ့ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)