UWSA ‘၀’ အဖွဲ့က အတင်းအဓမ္မ လူစုဆောင်းနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင် နေရ

0
337

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာတွေမှာ UWSA“ဝ”အဖွဲ့က အတင်းအဓမ္မ လူသစ်စုဆောင်တာတွေ ပြုလုပ်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် လာကြတဲ့ နမ့်တောင်းကျေးရွာ အုပ်စု၊ ရှုခါကျေးရွာနဲ့ ဘူခေါကျေးရွာတွေက ဒေသခံပြည်သူ မိသားစုဝင်တွေဟာ ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းက မိုင်းဖြတ်မြို့ကို ရောက်ရှိလာတာပါ။

UWSA “ဝ” အဖွဲ့ဟာ ကျေးရွာတွေမှာရှိတဲ့ အသက် ၁၂ နှစ် အထက်ရှိသူတွေ စစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်ထားတဲ့အတွက် တိမ်းရှောင်လာသူ ဒေသခံပြည်သူတွေအနေနဲ့ စစ်မှုထမ်းဖို့အလှည့်ကျရောက်လာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

အဲဒီဒေသခံပြည်သူတွေကို နယ်မြေခံတပ်မှတာဝန်ရှိသူတွေက ထွက်ပြေးလာသူတွေတည်းခိုရာနေအိမ်ကို သွားရောက်အားပေးစကားပြောကြားပြီး နယ်မြေခံတပ်နဲ့ စေတနာရှင်ပြည်သူတွေ လှူဒါန်းတဲ့ ဆန်၊ ဆီ နဲ့စားသောက်ဖွယ်ရာတွေကို ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)