ပါတီ ၁၅ ခု ပူးတွဲထုတ်ပြန်ချက်မှာ တအာင်း(ပလောင်)ပါတီ မပါဝင်ဘူးလို့ ထုတ်ပြန်

0
312

ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး နိုင်ငံသားမဟုတ်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပေးမပေးကိစ္စအပေါ် အစိုးရက တိကျရှင်းလင်းတဲ့ သဘောထားထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့ ပါတီ ၁၅ ခုရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ တအာင်း(ပလောင်) အမျိုးသားပါတီ TNP မပါဝင်ဘဲ နာမည်ကို လွဲသုံးစားလုပ်ပြီး အသုံးပြုခြင်းသက်သက် ဖြစ်တယ်လို့ TNP ပါတီက ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့က ပြည်ခိုင်ဖြိုး၊ တ.စ.ည တို့ အပါအဝင် ပါတီ ၁၅ ခုရဲ့ ဗဟိုအလုပ်အမှုဆောင် လက်မှတ်တွေနဲ့ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်အပေါ် တအာင်း(ပလောင်)ပါတီက ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ပြန်လည် ထုတ်ပြန်ကြေညာလိုက်တာပါ။

အဲဒီ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ တအာင်း(ပလောင်)ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းကြိုင်ဆိုတဲ့နာမည်မျိုးနဲ့ လည်း အမှန်တကယ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်မရှိတဲ့အပြင် ပူးတွဲထုတ်ပြန်ချက်ထဲမှာ ပါဝင်တဲ့ အချက်ခြောက်ချက်ဟာလည်း တအာင်း(ပလောင်)ပါတီတစ်ခုလုံးရဲ့ သဘောထားနဲ့ ညှိနှိုင်းပြီး သဘောတူထားတာ မဟုတ်ဘူးလို့လည်း ဒီနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီ ၁၅ ခုရဲ့ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်သူတွေအနေနဲ့ တအာင်း(ပလောင်)ပါတီ TNP ရဲ့အမည်ကို ပြန်ပယ်ဖျက်ပေးဖို့နဲ့ အဲဒီလိုမျိုး ထပ်မလုပ်ဖို့ TNP ပါတီက တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)