ဒုသမ္မတ ဦးမြင့်ဆွေ အမေရိကန်အခြေစိုက် ကုမ္ပဏီ ဒုဥက္ကဋ္ဌနဲ့ တွေ့ဆုံ

0
367

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ အမေရိကန် ပြည်ထောင်စု အခြေစိုက် ဂျန်နရယ် အီလက်ထရစ် ကုမ္ပဏီ (General Electric – GE)မှ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဂျီရိုက်စ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ယနေ့နံနက်(၉)နာရီမှာ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေဆုံစဉ်မှာ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးရေးနဲ့ ခေါင်းဆောင်မှုဆိုင်ရာ စွမ်းဆောင် ရည်တွေတိုးတက်ရေးတို့နဲ့စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတာပါ။

တွေ့ဆုံပွဲကိုနိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)