ညောင်လေးပင်မှာ ဆိုင်ကယ်အရှိန်များပြီး တိမ်းမှောက်ရာကနေ လူတစ်ဦး သေဆုံး

0
350

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ အာလောကွေ့အနီးမှာ ဇန်နဝါရီ ၂၄ ရက် ည ၁၁ နာရီဝန်းကျင်က ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။

ညောင်လေးပင် မြိုမရဲစခန်းမှာ ရဲအုပ်စန်းလွင် တာဝန်မှူးအဖြစ် တာဝန်ဆောင်ရွက်နေစဉ် အာလောကွေ့အနီး ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ သက်သေတွေဖြစ်တဲ့ ညောင်လေးပင်မြို့၊ ရှမ်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဦး၊ ညောင်လေးပင်မြို့ မြို့မ(၃) ရာအိမ်မှူး ဦးခင်မောင်ထွေးတို့နဲ့အတူ အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးရာမှာ ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၉၆/၂ နဲ့ ၉၆/၃ ကြား အာလောကွေ့အနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်မှာ ပြွန်တန်ဆာမြို့ဘက်က ညောင်လေးပင်မြို့ဘက်ကို မောင်းနှင်လာတဲ့ ယာဉ်တစ်စီးနောက်လိုက်ပါလာတဲ့ တရုတ်နိုင်ငံလုပ် ဖိုင်လင်းအမျိုးအစား 110 အနက်ရောင် ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

တိမ်းမှောက်မှုကြောင့် မောင်းသူ ဘိုဘို (၂၇ နှစ်)ဟာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင်ပွန်းပဲ့၊ ယာပေါင် ပွန်းပဲ့၊ ဝဲလက်ကျိုးဒဏ်ရာတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပြီး နောက်က လိုက်စီးသူ မြတ်သူ (၂၈ နှစ်)က ဝဲတံတောင်ပွန်းခြစ်ဒဏ်ရာ၊ ယာချိုင်းအောက် ပေါက်ပြဲဒဏ်ရာ၊ ယာ လက်မောင်း ပွန်းခြစ်ဒဏ်ရာတွေ ရရှိပြီး ညောင်လေးပင် ပြည်သူ့ဆေးရုံမှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူနေပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ကို အရှိန်မထိန်းနိုင်လောက်အောင် တိမ်းမှောက်တဲ့အထိ မောင်းနှင်တဲ့ ဘိုဘိုကို ရဲအုပ်စန်းက တရားလိုတိုင်တန်းထားတာကြောင့် ညောင်လေးပင်မြို့မရဲစခန်းက ယာဉ်(ပ) ၃/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)