ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး သင်တန်း ကော်မရှင်ပို့ချ

0
306

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပဖို့ ရှိနေတဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူးနဲ့ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်းကို  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖွင့်လှစ်လိုက်ပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဖွင့်လှစ်ခဲ့တာပါ။

အဲ့ဒီ မဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်းကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်မယ့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာပါဝင်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၈) ခုက မြို့နယ်ပေါင်း ၂၂ မြို့နယ်က မဲရုံမှူးနဲ့ ဒုတိယမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေတက်ရောက်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)