သမိုင်းကို အမှန်အတိုင်း ကြည့်နိုင်မှ ပစ္စုပ္ပန်ကို အမှန်အတိုင်း တည်ဆောက်နိုင်မယ်

0
362

သမိုင်းကို အမှန်အတိုင်း ကြည့်နိုင်မှ မိမိတို့ရဲ့ ပစ္စုပ္ပန်ကို အမှန်အတိုင်း တည်ဆောက်နိုင်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၄) ရက်နေ့က မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံဒေသကို ရောက်ရှိစဉ် ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး တာဝန်ရှိပုဂ္ဂိုလ်တွေကို အမှာစကား ပြောကြား ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် လက်ရှိ ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဂံဒေသ ယဉ်ကျေးမှုအမွေအနှစ် ဇုန်တွေသတ်မှတ်ရာမှာလည်း ဒေသခံပြည်သူတွေ လက်ခံနိုင်တဲ့ ပုံစံနဲ့ ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်ပြီး ဇုန်သတ်မှတ်မှုကို ရာနှုန်းပြည့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)