ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သစ်တွေ တိုးမြှင့်ပေးအပ်မယ်လို့ အမေရိကန်အစိုးရ ကြေညာချက် ထုတ်ပြန်

0
294

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းရှိ အားနည်းထိခိုက်လွယ်တဲ့ လူမှုအသိုက်အဝန်းတွေကို ကူညီပံ့ပိုးဖို့အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်သစ်တွေ တိုးမြှင့်ပေးအပ်မယ်လို့ အမေရိကန်အစိုးရက ဒီကနေ့ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်ခဲ့ရတဲ့ပြည်သူတွေကို ကူညီပံ့ပိုးဖို့ အကူအညီသစ်တစ်ရပ်အနေနဲ့ ကုလသမဂ္ဂအစီစဉ်ကို ဒေါ်လာ ငါးသန်းပေးအပ်ဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ စားနပ်ရိက္ခာရုံးက သဘောတူညီလိုက်တာပါ။

အဲဒီအကူအညီတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်နေတဲ့ လူပေါင်း ၁၇၂၀၀၀ အတွက် အသက်ကယ် စားရေး ရိက္ခာ အကူအညီတွေပေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူတွေ တိုးပွားနေတာပါ။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေ ပြည်သူ ၃၈၃၅၀၀ ခန့်မှာ အစားအသောက်နဲ့ အသက်မွေးဝမ်းကျောင်း အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)