ကြံ့ခိုင်ရေး ပါတီဝင်အဖြစ် အွန်လိုင်းကနေ လျှောက်ထားနိုင်မယ့် ၀က်ဘ်ဆိုက် လွှင့်တင်

0
292

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါတီဝင်အဖြစ် အွန်လိုင်းကနေ လျှောက်ထား နိုင်မယ့် အင်တာနက်ဝက်ဘ်ဆိုက်လိပ်စာကို လွှင့်တင်လိုက်ပါတယ်။

Google.com ရဲ့ Document forms မှာ လျှောက်ထားနိုင်တဲ့အကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌ ဦးသန်းဌေးက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာက တဆင့် ကြေညာလိုက်တာပါ။

ဒီလိုကြေညာရာမှာတော့ USDP ပါတီအနေနဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ထာဝရ တံခါးဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)