တစ်စတစ်စ ဆိုးရွားလာတဲ့ မြေယာ ကျူးကျော်မှု

0
325

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်မှုဇုန်တွေမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စက်မှုဇုန်စီမံခန့်ခွဲ မှု ကော်မတီမှ တာဝန်ရှိသူ တွေနဲ့ လုပ်ငန်းရှင်တွေက တရားဥပဒေစိုးမိုးရေးနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ အကာကွယ်ပေးရေး ကိစ္စတွေကို မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်ငန်းရှင်များအသင်းမှ တစ်ဆင့်ဆွေနွေးလိုတာကြောင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်(ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ)ကို ဖိတ်ကြားလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို ဇန်နဝါရီလ၂၇ ရက်နေ့ (သောကြာ)နေ့မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်မှုများအသင်း UMFCCI အဆောက်အအုံမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အခုလိုဆွေးနွေးမှုတွေပြုလုပ်ရတာဟာ ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုံတွေမှာ အုပ်စုဖွဲ့ပြီး တရားမဲ့ကျူးကျော်/ခြိမ်းခြောက်မှုတွေ၊ ငွေတောင်းခံမှုတွေ ရှိနေတဲ့ အတွက် စက်မှုဇုန်အတွင်းမှာ တရားဝင် လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေအတွက် အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေ၊ အသက်အန္တရယ်ကို စိုးရိမ်ရတဲ့ အထိဖြစ်လာနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့ ဥပဒေတွေနဲ့ အရေးယူတာတွေ၊ တားမြစ်တာတွေ မလုပ်နိုင်တဲ့အတွက် အခုလို ဆွေးနွေးတဲ့အဆင့်ကို ရောက်ရှိလာတာဖြစ်တယ်လို့ ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက MCNသတင်းဌာနရဲ့ သီးခြား ဆက်သွယ် မေးမြန်းတဲ့ အပေါ်မှာ အခုလိုပြောကြားလိုက်တာပါ။

“လက်ရှိအနေအထားကိုပြောရရင် အစိုးအပြောင်းအလဲ ဆပ်ကူးမတ်ကူးကာလမှာ အချောင်လိုချင်တဲ့လူတန်းစားတစ်ရပ်က အတင့်ရဲ လာပြီးတော့ လုပ်ဆောင် လာတယ်လို့မြင်ပါတယ်။ နေစရာမရှိလို့ကျူးကျော်တာမျိုးကိုတော့ မဆိုလိုပါဘူး။ အစိုးရသစ်တက်လာပြီး ကတည်းက အရင်ကျူးကျော်တွေကိုစာရင်းကောက်ဖို့ ပြော ထားပြီးပါပြီ။ နောက်ကျူးကျော်တွေကိုလည်း ဖျက်ဖို့ပြောပြီးပါပြီ။ တစ်လုံး ဆောက်တစ်လုံးဖျက်ဖို့ကိုလည်းပြောပြီးပါပြီ။ ဒါပေမဲ့ အခုအခြေအနေက အပေါ်ကလူတွေ ပြောင်းလဲပေမယ့်လည်း အောက်ခြေက ဝန်ထမ်းတွေကတော့မပြောင်းကြပါဘူး’’လို့ပြောပါတယ်။

မြို့နယ်အာဏပိုင်အဖွဲ့တွေရဲ့လုပ်ဆောင်မှုအချို့နဲ့ပတ်သက်ပြီး ဦးအေးသောင်းက ဆက်လက်ပြောကြားရာမှာ“ကျွန်တော်တို့ရဲ့ စက်ရုံတွေအရှေ့မှာ အုပ်စုဖွဲ့ပြီး ဆန္ဒပြကြတာတွေရှိတယ်။ ပြီးတော့ လူတွေအများကြီးပိတ်ဆို့ ဆန္ဒပြငွေတောင်းခံကြတာတွေ ရှိတယ်။ အဲဒီလိုဖြစ်တဲ့အခါမှာ သက်ဆိုင်ရာ ရဲဌာနတို့ မြို့နယ်ထွေအုပ် တို့ကို ဆက်သွယ်အကြောင်းကြားပါတယ်။ အဲဒီလိုအကြောင်းကြားတဲ့ အခါမှာသူတို့နဲ့မဆိုင်ပါဘူး၊ ဘယ်သူနဲ့ဆိုင်ပါတယ်ဆိုပြီးတော့ ဘောလုံးကန်သလို လုပ်နေကြပါ တယ်။ အဲဒီလိုဖြစ်တဲ့အတွက် ကျွန်တော် တို့ဘာမှလုပ်လို့မရပါဘူး။ ကျွန်တော်တို့စက်ရုံရှေ့တွေကို ပိတ်ဆို့ပြီး ဆန္ဒပြတဲ့အခါကျတော့ လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံ တွေအနေနဲ့ အခက်အခဲတွေအများကြီးဖြစ်ရပါတယ်။ ပြီးတော့ ဆန္ဒပြတဲ့ လူတွေအနေနဲ့ နေစရာမရှိလို့ဆန္ဒပြတာမျိုးမဟုတ်ဘဲ သက်သက်အနိုင်ကျင့် တဲ့သဘော ဖြစ်နေတယ်။ ဆန္ဒပြတဲ့သူတွေထဲမှာ ဦးဆောင်တဲ့သူတွေဆိုရင်(ပရာဒို)ကားတောင် စီးနေတာပါ။ အခုလိုလုပ်နေတဲ့ အခြေ အနေတွေဟာ တစ်စတစ်စပိုမိုဆိုးလာတဲ့ အတွက် ပြီးတော့သက်ဆိုင်ရာက အရေးယူမှုတွေကြန့်ကြာနေတဲ့အတွက် အခုလို တိုင်းဒေသ ကြီး လွှတ်တော်(ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ)ဖိတ်ခေါ် ရတာဖြစ်ပါတယ်။

လက်ရှိတိုင်းဒေသကြီးအတွင်း စက်မှုဇုန်တွေမှာဖြစ်ပေါ်နေတဲ့ မြေယာကျူးကျော်မှုတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့အတွင်းရေးမှူး ဦးသက်လွင်(ခ)ဦးပေါ်ခင်ကို MCN သတင်းဌာနက သီင်္းခြားဆက်သွယ် မေးမြန်းရာမှာ-

“ကျွန်တော်ကော်မတီအနေနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ကျွန်တော်တို့ကော်မတီကိုလိပ်မူပြီးတော့ အကြောင်းကြားရင်ညှိ့နိုင်းတာ တွေဆိုရင် ညှိနှိုင်းပေးတယ်။ အဓိကကတော့ ပြဿနာတစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ကော်မတီကို သာတင်ပြပေးပါ”လို့ ပြောပါတယ်။ အမှုတွေ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး မေးမြန်းချက်ကို ဦးသက်လွင်(ခ)ဦးပေါ်ခင်ကပြောကြားရာမှာ အခုဖြစ်နေတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကော်မတီကိုအကြောင်းကြားတာ ဘာတစ်ခုမှမရှိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ကော်မတီအနေနဲ့ ဘာမှဆောင်ရွက်ပေးလို့မရတာဖြစ်နေတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစက်မှုဇုန်လုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ)က တာဝန်ရှိသူတွေနဲ့ တွေဆုံဆွေးနွေးပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)